နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ခွန်စံလွင် စံဖူးကျေးရွာမီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ခွန်စံလွင် စံဖူးကျေးရွာမီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်









MNP ၊  ဇန်နဝါရီ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ (၁) နာရီက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော် ဦးဣန္ဒကကို ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ စံဖူးကျေးရွာမှမီးဘေးသင့်ပြည်သူများသို့ ထောက်ပံ့ငွေပေးအပ်ပွဲကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က စံဖူးကျေးရွာရှိ မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားပြီး စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ငွေကျပ်သိန်း (၁၀၀၀) ကို ပေးအပ်ရာ စံဖူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတို့က လက်ခံရယူကြသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်သိန်း (၃၀၀) ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်ရာ စံဖူးကျေးရွာ ကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများ၏ နေအိမ်များ ပြန်လည်တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)