ဦးအောင်ဆန်းဦး ၏ ရှေ့နေ ဦးမျိုးမောင်မောင်စိုးအား NLD အစွန်းရောက် အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ရန် လှုံ့ဆော်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဦးအောင်ဆန်းဦး ၏ ရှေ့နေ ဦးမျိုးမောင်မောင်စိုးအား NLD အစွန်းရောက် အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ရန် လှုံ့ဆော်နေ





MNP ၊ ဇန်နဝါရီ ၂၇

ဦးအောင်ဆန်းဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အချင်းများခဲ့ကြသည့် ရန်ကုန်မြို့ တက္ကသိုလ်ရပ်သာလမ်းရှိ နေအိမ်ခြံဝင်းကိစ္စနှင့် ပတ်သက်၍ တရားရုံးက လေလံတင်ရောင်းချရန် အမိန့်ချမှတ်ခဲ့ပြီးနောက် တရားနိုင် ဦးအောင်ဆန်းဦး ၏ ရှေ့နေ ဦးမျိုးမောင်မောင်စိုး (တရားလွှတ်တော်ရှေ့နေ) အား အမေ့သား အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ရန် လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။

NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများက ဦးမျိုးမောင်မောင်စိုး ၏ နေရပ်လိပ်စာနှင့်တကွ လုပ်ကြံသတ်ဖြတ်ရန် လှုံ့ဆော်မှုများ ပြုလုပ်နေခြင်းကြောင့် တိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက်သမားများက "ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ခြံအမှတ် ၅၄ အား လေလံတင်ရန် အောင်ဆန်းဦးဘက်မှ ရှေ့နေလိုက်ပေးသူ  အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တရားလွှတ်တော်ရှေ့နေမျိုးမောင်မောင်စိုး၏ အချက်အလက်များ။ မျိုးမောင်မောင်စိုး (ခ) မျိုးကြီး/ကိုမျိုး နေရပ်လိပ်စာမှာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရိပ်သာ၊ တိုက်အမှတ်(၁၇)၊ အခန်း (၁)ဖြစ်ပါသည်။ RIT ကျောင်းခြံစည်းရိုးနှင့် မျက်နှာချင်းဆိုင် ဖြစ်ပါသည်။ မျိုးမောင်မောင်စိုးသည် ဗိုက်ပူပူ၊ အရပ်ရှည်၊ အသားညို၊ ဆံပင်ဖြူပြီး အသက် ၅၀ နှစ်ဝန်းကျင် ဖြစ်ပါသည်။ မျိုးမောင်မောင်စိုးဆိုသူသည် အမျိုးသာရေးဝါဒီ မွန်ပါတီတခုမှာလည်း ပါတီဝင်ဖြစ်ကြောင်း သိရပါသည်။" ဟု လုပ်လှုံ့ဆော်ထားသည်ကို တွေ့မြင်ရသည်။

NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများသည်၎င်းတို့နှင့် အလိုမတူသည့် မည်သူ့ကို မဆို ခေါင်းစဉ်အမျိုးမျိုးတပ်၍ သတ်ဖြတ်ရန် လှုံ့ဆော်၍ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)