MNP ၊ ဇန်နဝါရီ ၂
Japan Airlines ရဲ့ လေယာဉ်တစ်စင်းဟာ အင်္ဂါနေ့ ညနေ ၆ နာရီ ၃၀ မိနစ်မှာ တိုကျိုမြို့ ဟာနဲဒါ့ လေဆိပ်မှာ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ လေယာဉ်တစ်စီးဖြင့် တိုက်မိခဲ့ပြီး မီးလောင်ခဲ့သည်။
အဲဒီလေယာဉ်ဟာ ဟော့ကိုင်းဒိုးမှာရှိတဲ့ နယူးချစ်တိုးဆဲ လေဆိပ်ကနေ တိုကျိုမြို့ ဟာနဲဒါ့ လေဆိပ်ကို ပျံသန်းလာခဲ့တဲ့ လေယာဉ်ခရီးစဉ်အမှတ် (၅၁၆) ဖြစ်တယ်လို့ Japan Airlines က ပြောသည်။
လေယာဉ်သည် ဟာနဲဒါ့လေဆိပ်တွင် ဆင်းသက်ခဲ့ပြီးနောက် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ လေယာဉ်တစ်စင်းဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။ လေယာဉ်ပေါ်လိုက်ပါလာသူ ၃၇၉ ဦး စလုံးကို ကယ်တင်နိုင်ခဲ့တယ်လို့ Japan Airlines က ပြောကြားခဲ့သည်။
Ref - NHK
https://t.me/MyanmarNationalPost
No comments:
Post a Comment