အမျိုးသမီးများအား တရုတ်ယောကျ်ားနှင့် လက်ထပ်ရန်စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးများအား တရုတ်ယောကျ်ားနှင့် လက်ထပ်ရန်စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်



MNP ၊ ဇန်နဝါရီ ၃

အမျိုးသမီးများအား တရုတ်ယောကျ်ားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်နေ သင်းသင်းခိုင်(ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး(ခ) မိုင်လေးတို့က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မ---၊ ၁၇/ ၂၀၂၃ နှစ် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်နေ မ----၊ ၂၇/၂၀၂၃ နှစ်နှင့် ဘိုကလေးမြို့နယ်နေ မ---၊ ၂၃/၂၀၂၃ နှစ်တို့အား တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်ယောကျ်ားနှင့်လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ဟင်္သာတမြို့မရဲစခန်း (ပ) ၁၇၄/ ၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄ ဖြင့် အမှုရေးဖွင့်ခဲ့သည်။ အဆိုပါအမှုအား ဟင်္သာတခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံးရာကြီးအမှုအမှတ် ၄၂/ ၂၀၂၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံသင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ(ခ)ဇင်မာဦး(ခ) မိုင်လေးတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်နေ သင်းသင်းခိုင်(ခ)အေးသင်းခိုင်နှင့် မအကြီးမ(ခ) ဇင်မာဦး(ခ)မိုင်လေးတို့က တစ်မြို့နယ်တည်းနေ မ ----၊ ၁၄/၂၀၂၃ နှစ်အား တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်ယောကျ်ားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန်စီစဉ်ခဲ့သဖြင့် ဟင်္သာတမြို့မ ရဲစခန်း (ပ) ၁၇၅/၂၀၂၃၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့သည်။ အဆိုပါအမှုအား ဟင်္သာတခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံးရာကြီးအမှု အမှတ် ၄၉/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံသင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေးတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)