ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံပန်းနှမ်း သတ်မှတ်လျာထားဧက စိုက်ပျိုးပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံပန်းနှမ်း သတ်မှတ်လျာထားဧက စိုက်ပျိုးပြီးစီး


MNP  ၊ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် ရည်ရွယ်၍ ဆီထွက်သီးနှံပန်းနှမ်းစိုက်ပျိုးခြင်းကို သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပန်းနှမ်းသီးနှံဧက ၁၂၀ စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး အောက်တိုဘာလ တတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးဧက ၁၂၁ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်၍ သတ်မှတ်လျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်မှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပန်းနှမ်းသီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး စိုက်ဧက ၁၂၀ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ပန်းနှမ်းစိုက်ဧက ၁၂၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေကိုလဲ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်။ ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအနေနဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းစတဲ့ ဆီထွက်သီးနှံ(၄)မျိုးကို စုစုပေါင်းစိုက်ဧက ၂၂၃၅၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်နေပြီး ယနေ့အထိ ဆီထွက်သီးနှံစုံ စိုက်ဧက ၂၈၆၆၆ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။

ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေဖူလုံမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် ဒေသခံတောင်သူများက (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်အတွက် ပန်းနှမ်းသီးနှံ စိုက်ပျိုးခြင်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခင်နှစ်က ဆီထွက်သီးနှံ ပန်းနှမ်းအား ၁၁၅ ဧက လျာထားစိုက်ပျိုးရာတွင် ၁၂၇ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ် ပန်းနှမ်း ဧက ၁၂၀ လျာထားစိုက်ပျိုးခဲ့ရာ ၁၂၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)