ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန် ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေး( ၄ / ၂၀၂၃ ) သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန် ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေး( ၄ / ၂၀၂၃ ) သို့ တက်ရောက်



MNP ၊ဇန်နဝါရီ ၁

ချင်းပြည်နယ်အတွင်း ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်းအစည်းအဝေး (၄/၂၀၂၃) ကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယခုကဲသို့ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်း / လုပ်ငန်းစီမံကိန်းများ လျာထားနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခြင်း အားဖြင့် ဖြစ်လာနိုင်သည့် လုပ်ငန်းအားနည်းချက်အနည်းဆုံးဖြစ်စေမှာဖြစ်ပါကြောင်း ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်၏မူဝါဒ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ Guideline ဘောင်အတွင်း၌သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရာတွင်မလွန်ဆန်နိုင် သည့်အခြေအနေမျိုးမှအပအားထည့်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းပြန်လည်အပ်နှံခြင်း မျိုးမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာ ကြသည့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်း စီမံချက်များကို ထိရောက်ပြီး ပြည်သူများ၏လူမှုစီးပွားဘဝ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း အမှာစကားပြောကြားသည်။         

ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများက မိမိတို့ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီ ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးကို အလေးနက်ထားကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်နှင့်ပြည်နယ်ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးတို့က ချင်းပြည်နယ်၏ မျှော်မှန်းချက် ၊ ရည်မှန်းချက်၊ မူဝါဒ ၊ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဌာနအလိုက် အဆိုပြုလျာထားနှုနှင့် ယယီစိစစ်မှုအခြေအနေ ၊ ဌာနတစ်ခု ချင်း၏ နှစ်အလိုက်ဘဏ္ဍာငွေရရှိမှုနှင့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဌာန၏အဆိုပြုတင်ပြ ချက်နှင့် ယာယီစိစစ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်း/ စီမံကိန်းလျာထားချက်များကို လုပ်ငန်းစီမံကိန်း တစ်ခုချင်းစီ အလိုက် Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့် ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်စီမံကိန်းဦးစီးဌာနနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက အကြုံပြုဖြည့်စွက်ဆွေးနွေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)