မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ် ချောက်မြို့နယ် ကြီးနီ-မိုလာ စလေလမ်း(ကြီးနီအပိုင်း)ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ် ချောက်မြို့နယ် ကြီးနီ-မိုလာ စလေလမ်း(ကြီးနီအပိုင်း)ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

 




MNP ၊ဇန်နဝါရီ  ၁၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်သည် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ၁နာရီက ချောက်မြို့နယ်ကြီးနီ-မိုလာ-စလေလမ်း(ကြီးနီအပိုင်း) ကတ္တရာလမ်းအား ၁၈ ပေ အကျယ်တိုးချဲ့တည်ဆောက်​ခြင်းနှင့် လမ်းမျက်နှာပြင် နိမ့်မြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်က (ကြီးနီအပိုင်း)လမ်းသည် ဂွေးချို-ချောက်-ဆိပ်ဖြူ(NH-16)နှင့် လာရောက်တွေ့ဆုံသည့်လမ်းဖြစ်ပြီး ၁၈ ပေ အကျယ်ကတ္တရာလမ်းခင်းခြင်းဖြစ်၍ ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် လူ​နေမှုဘဝ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ထပ်မံ၍ ၁၈ ပေ မှ ၂၄ ပေ အကျယ်လမ်းအဖြစ် တိုးချဲ့တည်ဆောက်နိုင်သည်အထိ ကြိုးစားရန်လိုအပ်ကြောင်း၊ (NH-16)လမ်းမကြီးနှင့် တွေ့ဆုံသည့်အပိုင်းတွင် လမ်းညွှန်ဆိုင်းဘုတ်များအား ၂၀၂၂ ခုနှစ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားချက်နှင့် ကိုက်ညီသည့် ဆိုင်းဘုတ်များ စိုက်ထူရန်နှင့် လမ်းတစ်လျှောက်တွင်လည်း အခြားလိုအပ်မည့် လမ်းညွှန်များ၊ လမ်းအမှတ်အသားများ၊ အချက်ပြများအား လမ်းအင်္ဂါရပ်နှင့်အညီ ပြည်စုံအောင် ဆောင်ရွက်နိုင်ရေး၊ လမ်းဘေးရေနုတ်မြောင်းများ လိုအပ်သလို တူးဖော်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။ 

ချောက်မြို့နယ်၊ ကြီးနီ-မိုလာ-စလေလမ်း(ကြီးနီအပိုင်း)သည် လမ်းအရှည်မှာ ၂ မိုင် ဖြစ်ပြီး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၀၉ ဒသမ ၁၀ သန်းဖြင့် ၁ မိုင် လမ်းအရှည်အားမူလ ၁၂ ပေ အကျယ်ကတ္တရာလမ်းမှ ၁၈ ပေ အကျယ်တိုးချဲ့တည်ဆောက်ကာ လမ်းမျက်နှာပြင်နိမ့်မြင့်ညှိ၍ ၄ ဖာလုံအား ကတ္တရာရေပိတ်လွှာလောင်းခြင်း အဆင့်မြှင့်တင်မှုလုပ်ငန်း​ဆောင်ရွက်​ခြင်းဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)