MNP ၊ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ကသင်တန်းဖွင့်ပွဲ မိန့်ခွန်းပြောကြားပြီးကာ သင်တန်းသားများအားရှာဖွေကယ်ဆယ်ရေး ဝတ်စုံများပေးအပ်ခဲ့သည်။
ပြီးနောက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားသည်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံနှင့် အသုံးပြုနည်းတို့ကို တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ယင်းသင်တန်းကို ၁၂ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြဟ်ပြီး ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ ကျောက် ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ ကျောက်ပန်းတောင်းမြို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးထက်အောင်နှင့် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးမှူးနှင့် သက်ဆိုင်ရာနယ်မြေမီးသတ် တာဝန်ခံများ တက်ရောက်ကြောင်းသိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment