ဂွမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ (အကြို) အသိပညာပေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ (အကြို) အသိပညာပေးလုပ်ငန်းများဆောင်ရွက်





MNP ၊ ဇန်နဝါရီ  ၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ (အကြို) အသိပညာပေးလုပ်ငန်းများကို ယနေ့မွန်းလွဲပိုင်းက အဆိုပါခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော် က အသိပညာပေး ဟောပြောပွဲတွင် လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံအကြောင်း၊လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပုံ၊လွတ်လပ်ရေးရေရှည်တည်တံ့ခိုင်မြဲစေရန်ထိန်းသိမ်းသင့်ပုံအကြောင်း တို့ကို ဟောပြောဆွေးနွေးခဲ့သည်။ ထိုနောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များအာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် ကာယဉာဏ ကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)