တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သရက်ချောင်းဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သရက်ချောင်းဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ








MNP ၊ ဇန်နဝါရီ  ၂၀

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့နံနက်ပိုင်းက သရက်ချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သရက်ချောင်းဒေသ အတွင်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ အား တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်တက်ရောက်လာကြသူများက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက် သွယ်ရေးလုပ်ငန်း၊ နယ်မြေဒေသဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကြုံတွေ့နေရသော အခက်အခဲများအားရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုကရှင်းလင်းတင်ပြချက်များအပေါ်တွင်သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က လမ်းညွှန်အမှာစကားပြောကြားရာ၌ သရက်ချောင်းမြို့နယ်သည် ထားဝယ် ခရိုင်တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လျက်ရှိပြီးယခုအခါတွင် အကြောင်းအမျိုးမျိုးကြောင့် အနည်းငယ် အားနည်းလာသည်ကို တွေ့ရကြောင်း၊ ကျန်းမာရေးအနေဖြင့် ကာကွယ်ဆေးထိုးမည့်ကိစ္စရပ်များ၊ ကျန်းမာရေးဝန် ဆောင်မှုပေး သည့်နေရာများတွင် အားနည်းနေသည်များရှိကြောင်း၊ ငါးနှစ်အောက်ကိုဗစ်ကာကွယ်ဆေးထိုးမည့်ကိစ္စရပ်များ၊ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး ဝန်ဆောင်မှုပေးသည်ကိစ္စရပ်များသည်တိုင်းဒေသကြီးအတွက်အရေးကြီးပြီးနိုင်ငံတော်အတွက်လည်း အရေးကြီး ကြောင်း၊ကိုယ်ဝန်ဆောင်မိခင်များကလေးကျန်းမာသန်စွမ်းစွာမွေးဖွားလာပြီးကြီးပြင်လာရန်အတွက်  ကာကွယ်ဆေးထိုးရန် နှင့်မိခင်နှင့်ကလေးအားကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနှင့်ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊တိုင်းဒေသကြီးတွင်သူနာပြုသားဖွားသင်တန်းများဖွင့်လှစ်ပေးနေပြီးဖြစ်ပြီး ကျေးရွာများတွင်သူနာပြု များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဒေသခံတိုင်းရင်းသား/သူများခန့်အပ်ဆောင်ရွက်ပေးထားသည်များရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့်အရန်သွားဖွား(၆)လသင်တန်းများဖွင့်လှစ်ပေးလျက်ရှိပြီးရရှိလာသည့် အကျိုးကျေးဇူးသည်  များပြားလျက်ရှိကြောင်း၊  ပညာရေးအနေဖြင့် ကျောင်းများအားလုံးမဖွင့်နိုင်သည်ကိုတွေ့ရသည့်အတွက်များစွာစိတ်မကောင်း ဖြစ်ရကြောင်း၊  ပညာရေး၊ ကျန်းမာရေးလျော့နည်းကျဆင်းလာပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှောင့်နှေး ကြန့်ကြာလာနိုင် ကြောင်း၊မိမိဒေသ၊မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ယခုအခါသရက်ချောင်း နယ်မြေဒေသအတွင်း မလိုလားအပ်သောပြဿနာများ၊ မဖြစ်သင့်မဖြစ်ထိုက် သောကိစ္စရပ်များကြုံတွေ့လာရကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်လိုအပ်ကြောင်း၊  အဓိကအရေးကြီး သည်မှာ တရားမျှတပြီး လွတ်လပ်သောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည် ဖြစ်ပြီးဝန်ထမ်းတိုင်း တွင် တာဝန်ရှိသည်ဟု ခံယူရမှာ ဖြစ်ကြောင်း၊ အဓိကလုပ်ဆောင်ရမည့်အချက်(၂)ချက်ရှိပြီးပန်းခင်း(၃)စီမံချက်ဖြင့်မှတ်ပုံတင် ပြုလုပ်ရန်နှင့်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးမှ ဦးဆောင်၍ ဝိုင်းဝန်းဆောင် ရွက်ပေးရန်လိုအပ်ကြောင်း၊စာရင်းစစ်၊ စာရင်းကောက်များတာဝန်ပေးအပ်နိုင်ရေးကိစ္စ၊ သန်းခေါင် စာရင်းကောက်ယူသည့်အခါအောင်မြင်အောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ သရက်ချောင်းဒေသအတွင်း ဆန်စပါးဖူလုံမှု သည်(၈၉%)ရှိပြီးရာခိုင်နှုန်းကျော်စေရေးအတွက်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်ဆောင်ရွက်ပေးစေလိုကြောင်း၊ သရက်ချောင်း မြို့၏ရှေ့ဘက်နှင့်တောင်ဘက်တွင်ကွမ်းသီးခြံများစွာရှိပြီး ကွမ်းသီးဈေးကျဆင်းလာသောကြောင့်အခက်အခဲရှိကြောင်း၊ ကွမ်းသီး ပင်များအကြားတွင် သီးညှပ်အနေဖြင့်ကိုကိုးပင်နှင့်ကော်ဖီပင်စိုက်ပျိုးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်စိုက်ပျိုးရေးဦးစီးဌာနနှင့်ညှိနှိုင်းပြီး လိုအပ်သောပျိုးပင်များကိုရရှိအောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ဌာနဆိုင်ရာဝန်ထမ်းများအား လာရောက်တွေ့ဆုံပြီးအခက်အခဲတင်ပြချက်များကိုညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့်အဆင်ပြေချောမွေ့သွားမည်ဖြစ်ပါကြောင်းအားပေးစကားပြောကြားပြီး ဆန်အိတ်များ ထောက် ပံ့ပေးအပ်ရာ တာဝန်ရှိသူများလက်ခံရယူသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှအရာထမ်းအမှုထမ်းများအားသီးခြားတွေ့ဆုံ ၍ အားပေးစကားပြောကြားပြီး အခြေခံစားသောက်ကုန်များပေးအပ်ကာ ဆေးရုံအတွင်းကုသမှုခံယူနေသော ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ပြီး ထောက်ပံ့ငွေများပေးအပ်သည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ကရဲစခန်းရှိတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများ အား၊ သီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ အခြေခံစားသောက်ကုန်များ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ ပေးအပ်သည်။

အလားတူပင် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ က  မိမိတို့ရုံးရှိအရာထမ်းအမှုထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)