မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်များ စမ်းသပ်ထုတ်လုပ်မှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်များ စမ်းသပ်ထုတ်လုပ်မှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်


MNP ၊ ဇန်နဝါရီ  ၂၀

မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်များ စမ်းသပ်ထုတ်လုပ်မှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင်အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းအဆင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံတော်က စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား မူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး တောင်သူများ၏လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်  နည်းလမ်းအမျိုးမျိုးဖြင့် အားပေးမြှင့်တင်ဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းတိုင်ရည်မှန်းချက်ထွက်ရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊  လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ဉီးတည်ကူးပြောင်းဆောင်ရွက်နေပြီး စက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကျယ်စွာလုပ်ကိုင်လာခြင်းဖြင့် ကြုံတွေ့နေရသည့်လုပ်သားရှားပါးမှုအခက်အခဲကိုကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ ကျောက်ဆည်မြို့ရှိ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ခြင်းနှင့် နည်းပညာများမျှဝေပေးခြင်းများကို ဆောင်ရွက်ပေးနေပါကြောင်း၊ တောင်သူများအားစက်ပစ္စည်းများ စနစ်တကျကိုင်တွယ်ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းများကို ကျယ်ပြန့်စွာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများသည်အရေးပါသည့်ကဏ္ဍများဖြစ်ပါကြောင်း၊ စက်မှုလုပ်ငန်းများမှ ပြည်တွင်း၌လိုအပ်သည့် စက်ပစ္စည်းများကို  ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပသွင်းကုန်များလျှော့ချနိုင်ကာ နိုင်ငံခြားငွေသုံးစွဲမှုများလျော့နည်းသက်သာပြီး တိုင်းပြည်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထုတ်လုပ်သည့်စက်ပစ္စည်းများအား အရည်သွေးစံချိန်စံညွှန်းပြည့်မီစေရန်၊ စိုက်ပျိုးရေးလုပ်ငန်းတွင် လက်တွေ့ဆောင်ရွက်နေသူများအတွက် ထိရောက်မှုရှိစေရန်၊ သင့်တင့်မျှတသည့်နှုန်းထားဖြစ်စေရန်၊ ရေရှည်သုံးစွဲသွားနိုင်စေရန်နှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုကဏ္ဍတွင် အမှန်တကယ်အကျိုးဖြစ်ထွန်းစေရန်တို့အပေါ် အစဉ်အမြဲအလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ စမ်းသပ်တီထွင်ထုတ်လုပ်ထားသည့် စက်များ၏နည်းပညာများကို စိန်ပန်းစက်မှုလက်မှုလုပ်ငန်းကဲ့သို့ မန္တလေးတွင် အစဉ်အလာကြီးသော ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွှဲပြောင်းပေးပြီးအောင်မြင်အောင် ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ၊ စက်မှုလယ်ယာဦးစီးဌာန (အင်းကုန်း)မှတာဝန်ရှိသူတစ်ဦးက မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)တွင် လယ်ယာသုံးစက်ကိရိယာများထုတ်လုပ်နေမှုနှင့် အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်များ စမ်းသပ်ထုတ်လုပ်နေမှုအခြေအနေများ၊  လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းအား စိတ်ပါဝင်စားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကောက်စိုက်စက် ထုတ်လုပ်ရာတွင်လိုအပ်သည့် နည်းပညာအကူအညီများအား ဌာနမှကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံလယ်ယာသုံး စက်ကိရိယာလုပ်ငန်းရှင်များအသင်းဝင် မန္တလေးတိုင်းဒေသကြီးစက်မှုဇုန်မှတက်ရောက်လာသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)