နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများကို နေပြည်တော် တပေါင်းကွင်းအတွင်း ခင်းကျင်းပြသရောင်းချနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများကို နေပြည်တော် တပေါင်းကွင်းအတွင်း ခင်းကျင်းပြသရောင်းချနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်



MNP ၊ဇန်နဝါရီ  ၂၀

၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများကို နေပြည်တော်တပေါင်းကွင်းအတွင်း ခင်းကျင်းပြသရောင်းချနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်ဦးမြင့်စိုးတို့က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေး ဆပ်ကော်မတီ ဖွဲ့စည်းထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဝန်ကြီးဌာနကိုယ်စားလှယ်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်မည့်အခြေအနေများ၊ ဒေသထွက် MSME ထုတ်ကုန်များနှင့် အစားအစာများ ခင်းကျင်းပြသရောင်းချမည့် အခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် MSME လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် One Region One Product အဓိကထုတ်ကုန်အပါအဝင် အခြားသောထုတ်ကုန်အမျိုးမျိုးကို ပူးပေါင်းပါဝင်ခင်းကျင်းပြသခြင်းဖြင့် မိမိတို့ ထုတ်ကုန်များအား အချင်းချင်း ပညာရပ်ဆိုင်ရာဖလှယ်နိုင်ခြင်း၊ ပြည်သူများ ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူအားပေးလာနိုင်ခြင်း၊ လုပ်ငန်းများအတွက် အကြံဉာဏ်အတွေးအခေါ်ကောင်းများရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် MSME ပြခန်းများ ခင်းကျင်းပြသသွားမှာဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ထုတ်ကုန်များ၊ အစားအစာများ ပြည်သူများသို့ သင့်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး၊ One Region One Product ထုတ်ကုန်အပါအဝင် MSME ထုတ်ကုန်များအား စုံလင်စွာခင်းကျင်းပြသ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အရည်အသွေးမြင့် ထုတ်ကုန်များခင်းကျင်းပြသနိုင်ရေး၊ ဒေသတွင်း ရိုးရာအစားအစာများ ခင်းကျင်းပသနိုင်ရေး ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ နေပြည်တော်နှင့်တိုင်းဒေသကြီး/ ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချမှုကို ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ အများပြည်သူများ လုံခြုံအေးချမ်းစွာ၊ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရေး၊ လျှစ်စစ်မီးများရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒေသထွက် MSME ထုတ်ကုန်များနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အားလုံးက ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအားထုတ်ပေးကြစေလိုကြောင်းနှင့် ယခုအစည်းအဝေးက အဓိကဆွေးနွေးဆုံးဖြတ်ရမည့်အချက်များကို ပြည့်ပြည့်စုံစုံဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့သည့်အတွက် အစည်းအဝေးတက်ရောက်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)