ရွှေတောင်မြို့နယ် ၊ စက်မှု ၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းရှိဆရာ / ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ဆီ ၊ကြက်သား၊ ငါး၊ကြက်ဥ၊ ဟင်းသီးဟင်းရွက်များရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ၊ စက်မှု ၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းရှိဆရာ / ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ဆီ ၊ကြက်သား၊ ငါး၊ကြက်ဥ၊ ဟင်းသီးဟင်းရွက်များရောင်းချပေး




MNP ၊  ဇန်နဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်စီစဥ်မှုအရ သက်သာသောစျေးနှုန်းဖြင့် ရွှေတောင်မြို့နယ် ၊ စက်မှု ၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းရှိဆရာ / ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ဆီ ၊ကြက်သား၊ ငါး၊ကြက်ဥ၊ ဟင်းသီးဟင်းရွက်များရောင်းချပေးခဲ့သည်။

      အဆိုပါ ရောင်းချပေးရာသို့ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ရွှေတောင်မြို့နယ် ၊ စက်မှု ၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းရှိဆရာ / ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်ကျောက်ရွေးဆန်တစ်ပြည်လျှင် ( ၃၀၀၀ိ/-) ကျပ်နှုန်းဖြင့် ဆန်( ၃) အိတ်၊ ကြက်သား ( ၁)  ပိဿာ ( ၇၅၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၁၀)  ပိဿာ၊ ငါး( ၁)  ပိဿာ (၄၀၀၀ိ/-) ကျပ်နှုန်းဖြင့်( ၁၀)  ပိဿာ၊ စားအုန်းဆီ ( ၁)  ပိဿာ ၊  ( ၅၈၀၀ိ/-) ကျပ်နှုန်းဖြင့်( ၁၁၀)  ပိဿာ၊ ကြက်ဥ ( ၁) လုံး ( ၂၀၀ိ/-) ကျပ်နှုန်းဖြင့် (၃၀၀) လုံး၊ ပန်းဂေါ်ဖီ တစ်ပွင့် ( ၃၀၀ိ/-) ကျပ်နှုန်း နှင့် မုန်လာဥတစ်စီး ( ၂၀၀ိ/-) ကျပ်နှုန်းတို့ဖြင့် ဖြန့်ဝေရောင်းချပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)