MNP ၊ ဇန်နဝါရီ ၂၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ပြည်နယ်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုအတွက်ကွင်းဆင်းစစ်ဆေးခြင်းကိုယနေ့နံနက်ပိုင်းက အထက ဇင်းကျိုက်ကျောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့စစ်ဆေးမှုပြုလုပ်ရာတွင်မွန်ပြည်နယ်ပညာရေးမှူး နန့်စယ်လီလှိုင်၊မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်၊မွန်ပြည်နယ်ပညာရေးမှူး နန့်စယ်လီလှိုင်၊သထုံခရိုင်ပညာရေးမှူး ဦးခဲမိုင်း၊မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးနှင့်တာဝန်ရှိသူ တို့က (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်း ၊ ပြည်နယ်အဆင့် ဆုရွေးချယ်စိစစ်ရေးတွက် အခြေခံစံနှုန်း (၄) ခု၊ အညွှန်းကိန်း (၁၇) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ နှိုင်းယှဥ်စစ်ဆေးပါခဲ့ကြသည်။
ဆုရွေးချယ်စိစစ်ရေးကော်မတီတွင် ဥက္ကဌပြည်နယ်ပညာရေးမှူ ၊ အတွင်းရေးမှူးပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၊အဖွဲ့ဝင်များအနေဖြင့်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ပါဝင်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment