ပေါင်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်)အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်)အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက်






MNP  ၊   ဇန်နဝါရီ     ၂၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  Census Unit  ( သန်းခေါင်းစာရင်းယူနစ်)အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းက 

ပေါင်မြို့နယ်ရပ်ကွက် (၄)ခုနှင့် ဇင်းကျိုက်မြို့ ရပ်ကွက် (၄)ခုတို့တွင် စတင် ဆောင်‌ရွက်နေကြောင်းသိရသည်။

          ထိုသို့   လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  Census Unit   (သန်းခေါင်းစာရင်းယူနစ်)အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက်ခြင်းကို  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှုးရုံးဝန်ထမ်းများမှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူး‌ပေါင်း၍

ပေါင်မြို့နယ်ရပ်ကွက် (၄)ခုနှင့် ဇင်းကျိုက်မြို့ ရပ်ကွက် (၄)ခုတို့တွင်  စတင်‌ဆောင်ရွက်ခဲ့သည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက်  တိုင်းဒေသကြီး/ပြည်နယ်များသို့ မြို့ပြရပ်ကွက်များတွင်  သန်းခေါင်းစာရင်း ယူနစ်များ (Census Unit) ရေးဆွဲခဲ့ပြီး အဆောက်အဦများ၏တည်နေရာ၊အရေအတွက်၊ အမျိုးအစား ၊အသုံးပြုမှုနှင့် လူနေထိုင်သောအိမ်ထောင်စု အရေအတွက်တို့ကို  မှတ်တမ်းတင်  သိရှိနိုင်ရန်  အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက် (၈)ခုအား  ၂၀၂၄  ခုနှစ် ၊ဇန်နဝါရီလမှ မတ်လအထိဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)