MNP ၊ ဇနနဝါရီ ၃၀
မကွေးတိုင်းဒေသကြီးတွင် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က မကွေးတိုင်းဒေသကြီးအနေဖြင့် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းတာဝန်များကို အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာသည့် ဆပ်ကော်မတီဥက္ကဋ္ဌများက မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment