ရွှေတောင်မြို့နယ် ပိတောက်မြိုင်ပျိုးဥယျာဥ်တွင် နှစ်ရှည်ပင်နှင့်သီးပင်စားပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ပိတောက်မြိုင်ပျိုးဥယျာဥ်တွင် နှစ်ရှည်ပင်နှင့်သီးပင်စားပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 







MNP  ၊ ဇန်နဝါရီ  ၃၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု ၊ပိတောက်မြိုင်ပျိုးဥယျာဥ်တွင် နှစ်ရှည်ပင်နှင့်သီးပင်စားပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများအား ယမန်နေ့ နေလယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာန၊မြို့နယ်ကျေးလက်လမ်းဦးစီးဌာနတို့ကွင်းဆင်းစစ်ဆေးကြည်ရှုခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၂-ခုနှစ်၊ မိုးရာသီအထူးပျိုးပင် ( ၆၅၀၀၀)၊ ၂၀၂၃-ခုနှစ်၊  မိုးရာသီအထူးပျိုးပင် ( ၂၀၀၀)ပင်၊လူထုဖြန့်ပျိုးပင် ( ၃၄၁၉) ပင်ပျိုးထောင်ထားရှိမှုနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ၂၀၂၃-ခုနှစ် မိုးရာသီတွင် တမာပင် ( ၅၀၀၀၀) ပင်၊ မန်ကျည်း ( ၂၀၀၀) ပင်၊ အင်( ၄၃၀၀)ပင် ပျိုးထောင်ထားရှိပြီး လူထုဖြန့်ပျိုးပင်ကျန် (၃၁၅၁၉) ပင်နှင့်၂၀၂၄-ခုနှစ် သီးပင်စားပင် (သရက်၊ ပိန္နဲ ၊ဒန့်သလွန်၊ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ၊ သခွတ်၊ ကြောင်လျှာ) ( ၇၀၀၀)ပင်နှင့် လူထုဖြန့်ပျိုးပင်( ၄၀၀၀၀) ပင်ပျိုးထောင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)