MNP ၊ ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ရွှေတောင် မြို့နယ်အတွင်းစက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း ၊မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးဆောင်၍ မြို့နယ် ရုံး/ စခန်းရှိ တပ်ဖွဲ့ဝင်များမှ ရွှေတောင် မြို့နယ်တွင်စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း ၊မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊ မီးသတ်ပစ္စည်းကိရိယာဖြစ်သည့် မီးသတ်ဆေးဘူးများဖြင့် စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများအား ကိုယ်တိုင်လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးငြှိမ်းသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများပြုလုပ်ပေးခဲ့ပြီး မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment