MNP ၊ ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်စာရင်းယူနစ်)အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက်ခြင်းကိုယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်ရပ်ကွက် (၄)ခုနှင့် ဇင်းကျိုက်မြို့ ရပ်ကွက် (၄)ခုတို့တွင် ဆောင်ရွက်နေကြောင်းသိရသည်။
ထိုသို့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်စာရင်းယူနစ်)အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှုးရုံးဝန်ထမ်းများမှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍
ပေါင်မြို့နယ်ရပ်ကွက် (၄)ခုနှင့် ဇင်းကျိုက်မြို့ ရပ်ကွက် (၄)ခုတို့တွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင် တို့ကသွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် တိုင်းဒေသကြီး/ပြည်နယ်များသို့ မြို့ပြရပ်ကွက်များတွင် သန်းခေါင်စာရင်း ယူနစ်များ (Census Unit) ရေးဆွဲခဲ့ပြီး အဆောက်အဦများ၏တည်နေရာ၊အရေအတွက်၊ အမျိုးအစား ၊အသုံးပြုမှုနှင့် လူနေထိုင်သောအိမ်ထောင်စု အရေအတွက်တို့ကို မှတ်တမ်းတင် သိရှိနိုင်ရန် အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက် (၈)ခုအား ၂၀၂၄ ခုနှစ် ၊ဇန်နဝါရီလမှ မတ်လအထိဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment