MNP ၊ဇန်နဝါရီ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းအခြေခံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ထို့နောက် သင်တန်းသား၊ သင်တန်းသူများက မြန်မာ့သိုင်း သရုပ်ပြတင်ဆက်ကစားခဲ့ကြသည်။ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးအောင်ကိုကိုနှင့် အ.ထ.က(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်မွန်မွန်မြင့်တို့က သင်တန်းနည်းပြဆရာနှင့် လက်ထောက်နည်းပြတို့အား ဂုဏ်ပြုမှတ်တမ်း၊ ဂုဏ်ပြုငွေနှင့် အမှတ်တရလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုး၊ အဖွဲ့ဝင်ဦးဇေယျာဟန်၊ မြို့နယ်ပညာရေးမှူးဦးမြင့်လွင်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများကို ချီးမြှင့်ရာထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူခဲ့သည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုးနှင့်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား အဖွဲ့ခေါင်းဆောင်များက လက်ခံရယူခဲ့ကြပြီး ထူးချွန်သင်တန်းသားသင်တန်းသူများက မြန်မာ့သိုင်း သရုပ်ပြကစားပြခဲ့ကြသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာတို့၏ရိုးရာရာအမွေ ကိုယ်ခံပညာမြန်မာ့သိုင်းအား ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်တို့ကို ရည်ရွယ်၍ အဆိုပါသင်တန်းကို ဒီဇင်ဘာလဆန်းမှ စတင်ကာ အ.ထ.က(နမ့်စန်)နှင့် အ.ထ.က-ခွဲ (၅ရပ်ကွက်)ကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇၀)ဦးခန့် တက်ရောက်သင်ကြားခဲ့ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
သူရအောင်(နမ့်စန်)
https://t.me/MyanmarNationalPost
No comments:
Post a Comment