ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နှစ်သစ်ကူးအထူးဓမ္မသဘင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နှစ်သစ်ကူးအထူးဓမ္မသဘင်အခမ်းအနားကျင်းပ




MNP ၊ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ပုညကရဏလေးထပ်ဓမ္မာရုံတော်၌ ယမန်နေ့မွန်းလွဲ ၁ နာရီက နှစ်သစ်ကူးအထူးဓမ္မသဘင်အခမ်းအနား ကျင်းပပြုလုပ်သည်။

ဓမ္မသဘင်တရားပွဲတွင် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဓမ္မာစရိယ၊ DPhil(Oxford) ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ(အောက်စဖို့ဒ်ဆရာတော်)က တရားနာပရိတ်သတ်အပေါင်းအား ကိုယ်ချင်းစာတရားနှင့်ကရုဏာတရားတော်မြတ်ကို ဟော‌ကြားတော်မူသည်။

အဆိုပါနှစ်သစ်ကူးဓမ္မသဘင်တရားပွဲသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် တရားချစ်ခင် ဒေသခံပြည်သူများ တက်ရောက်နာယူကြည်ညိုကြပြီး တရားဟောဆရာတော်ကြီးထံ အလှူရှင်များအသီးသီးက နဝကမ္မအလှူတော်ငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အောက်စဖို့ဒ်ဆရာတော်ကြီးအမှူးပြုသော တရားနာပရိတ်သတ်အပေါင်းတို့က ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ဝေနေယျသတ္တဝါအပေါင်းတို့အား ရေစက်သွန်းချအမျှပေးဝေကြပြီး ဓမ္မသဘင်အခမ်းအနား(ပထမနေ့)ကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါ နှစ်သစ်ကူးအထူးဓမ္မသဘင်ကို ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ယခုလ ၁ ရက်နေ့မှ ၅ ရက်အနေ့အထိ ငါးရက်တိုင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများထံမှ သိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)