MNP ၊ ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့မှ အသက် ၈၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာန ချုပ်ညီလာခံခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) က ယခင်က အသက် ၇၅ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့်တစ်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အသက် ၈၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တိုးမြှင့်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) က နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ယုလွင် (အငြိမ်းစား) ထံသို့ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အသက် ၈၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် အငြိမ်းစားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ အခမ်းအနားတွင် အသက် ၈၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၄၇၈၁ ဦးကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၃၉ ဒသမ ၀၅ သန်းကို ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment