MNDAA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ယုတ်မာရိုင်းစိုင်း အောက်တန်းကျစွာ ပြုလုပ်ခဲ့သော လုပ်ရပ်နှင့် ပတ်သက်၍ ပြည်မြို့တွင် ကန့်ကွက်ဆန္ဒပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MNDAA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ယုတ်မာရိုင်းစိုင်း အောက်တန်းကျစွာ ပြုလုပ်ခဲ့သော လုပ်ရပ်နှင့် ပတ်သက်၍ ပြည်မြို့တွင် ကန့်ကွက်ဆန္ဒပြ






MNP ၊ ဇန်နဝါရီ ၁၃

MNDAA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ယုတ်မာရိုင်းစိုင်း အောက်တန်းကျစွာ ပြုလုပ်ခဲ့သော လုပ်ရပ်နှင့် ပတ်သက်၍ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မင်္ဂလာရွှေပြည် ခရိုင်အားကစားကွင်းတွင် သံဃာတော်များ ဦးဆောင်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

MNDAA အကြမ်းဖက်အဖွဲ့က ဗုဒ္ဓဘာသာဝင်များအပေါ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီး အပြင် မြို့နယ်အသီးသီးတွင် သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်များက ကန့်ကွက်ရှုတ်ချမှုများ လုပ်ဆောင်လျက်ရှိ

MNDAA အကြမ်းဖက်အဖွဲ့ဝင်များသည် ရွှေတိဂုံပုံတူ စေတီတော်ကို ပေါင်တူနှင့်ထု၍ ဖြိုဖျက်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို ထုခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပြီး ရှမ်းပြည်(မြောက်ပိုင်း)တွင် ဘုရားဖြစ်လျင်ပင် ပျက်စီးစေရမည် ဟု တရုတ်ဘာသာဖြင့် ရေးသား၍ ဖော်ပြမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)