MNP ၊ ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံအတွင်း NUG အကြမ်းဖက်အဖွဲ့နှင့် လက်တွဲ၍ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လုပ်ဆောင်နေသော တိုင်းရင်းသားလက်နက်ကိုင် အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၊ ပြည်ပ သြဇာခံ အကြမ်းဖက်သောင်းကျန်းသူများကို နိုင်ငံတော်က အမြစ်ပြတ်ခြေမှုန်းသွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် မိမိတို့တတ်နိုင်သည့် ဘက်မှ ပူးပေါင်းဆောင်ရွက်သွားကြရန် နိုင်ငံတော်ပိုင် မီဒီယာမှ ယနေ့ (၂၉-၁-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။
NUG, CRPH, PDF တို့နှင့် လက်တွဲ၍ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် လမ်းတံတားများကို ဖျက်ဆီးခြင်း၊ ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝ အတိဒုက္ခရောက်အောင် လုပ်ဆောင်ခြင်းအပြင် ပြည်သူအများစုကိုးကွယ်ရာ ဘာသာ သာသနာကိုပင် ထိပါးစော်ကားလာသည့်အပေါ် ရဟန်းရှင်လူပြည်သူများက အနယ်နယ်အရပ်ရပ်တွင် အကြမ်းဖက်အဖွဲ့များကို အမြစ်ပြတ်ခြေမှုန်းပေးရေး တောင်းဆိုမှုများ လုပ်ဆောင်ခဲ့ကြသည်။
ရဟန်းရှင်လူပြည်သူများ၏ တောင်းဆိုမှုကို အခြေခံ၍ နိုင်ငံတော်ပိုင်မီဒီယာမှ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လုပ်ရပ်များကို စုစည်းတင်ပြထားပြီး မိမိတို့ ဘာသာ သာသနာအပေါ် စော်ကားလားသည့် အကြမ်းဖက်အဖွဲ့များအား အမြစ်ပြတ်ခြေမှုန်းနိုင်ရေး ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ မိမိတို့ တတ်နိုင်သည့်ဘက်မှ ပူးပေါင်းဆောင်ရွက်သွားကြရန် ရုပ်သံမှတ်တမ်းများ ထုတ်ပြန်၍ ပြည်သူလူထုအား အသိပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက် ရုပ်သံမှတ်တမ်းတွင် ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က MNDAA အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့သော ဘာသာရေးစော်ကားမှု လုပ်ရပ်ကို ကောက်နှုတ်ဖော်ပြ၍ မြန်မာနိုင်ငံနေရာအသီးသီးတွင် ရဟန်းရှင်လူပြည်သူများက ကန့်ကွက်ခဲ့ကြသည့် မှတ်တမ်းများကိုလည်း စုးစည်းဖော်ပြထားသည်ကို တွေ့ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment