MNP ၊ ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ကျောင်းကျန်းမာရေး ကော်မတီ အစည်းအဝေး ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးသန့်မှ ကျောင်းကျန်းမာရေး နှင့်ပတ်သက်၍ ယခင်နှစ် ကျောင်းကျန်းမာရေး ကော်မတီများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ နွေရာသီ အားကစားနှင့်ကာယပညာဦးစီးဌာန မှ အားကစားသင်တန်းများဖွင့်လှစ်ပေးခဲ့မှုများ၊ ကျောင်းကျန်းမာရေး ပုံမှန်ကာကွယ်ဆေးထိုးနှံပေးမှုများအားရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးက ကော်မတီပါ ဆရာကြီး / ဆရာမကြီး များအား ကျောင်းသား ၊ကျောင်းသူ လေးများ၏ အသက်ပိုင်းခြားအလိုက်ပုံမှန်ကာကွယ်ဆေးထိုးနှံ ရမည့်စာရင်းများအားမှန်ကန်စွာဆောင်ရွက်၍ မြို့နယ် ပညာရေးမှူးရုံးသို့ အချိန်မှီပေးပို့မှသာ မြို့နယ် ကျန်းမာရေးဦးစီးဌာန နှင့်စာရင်းမှန်ကန်စွာပူပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူး ဦးကိုကိုကြီးက ကျောင်းကျန်းမာရေး များကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချသည့် လက်သုတ်စားများသန့်ရှင်းမှုရှိမရှိ Date လွန်အစားအသောက်များ ရောင်းချနေမှုရှိမရှိများကို ကျောင်းကော်မတီများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့်ကျောင်းကျန်းမာရေး ကော်မတီဝင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment