‌ေ ရွှတောင်မြို့နယ် တွင်( ၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

‌ေ ရွှတောင်မြို့နယ် တွင်( ၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ



MNP ၊  ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မဲတောအုပ်စု၊ကမ်းတင်ကျေးရွာ တွင်ယနေ့နံနက်       (၉း၀၀) နာရီ အချိန်က (၇၆)  နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း( VDP) စီမံကိန်းဖြင့် ဆောင်ရွက်သည့် ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းကကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော ကျေးရွာတွင်းကွန်ကရစ်လမ်းနှင်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ကျေးရွာအုပ်စု ဒေသခံပြည်သူများ ကိုယ်စား ကျေးရွာကိုယ်စားလှယ်တစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ရွှေတောင်မြို့နယ်၊ မဲတောအုပ်စု၊ကမ်းတင်ကျေးရွာ ( ၇၆)  နှစ်မြောက် လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွာတွင်းကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

     အဆိုပါ လမ်းအား ၂၀၂၃- ၂၀၂၄ဘဏ္ဍာရေးနှစ်ရွှေတောင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဖြင့် ကျေးရွာ( ၉)ရွာဆောင်ရွက်နိုင်ခဲ့ပြီး မဲတောအုပ်စု၊ကမ်းတင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းအား (၅၅၀ပေx အလျာ ၁၂ပေ xထု၆လက်မ) ရှိပြီး သိန်း( ၁၂၀)ကျပ်နှင့်ရေသန့်စင်စနစ်တပ်ဆင်ခြင်းအတွက် သိန်း( ၃၀)ကျပ် ၊ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ကွန်ကရစ်လမ်း (၂၀၀ပေx အလျား ၁၂ပေ x ထု၆လက်မ) ကုန်ကျငွေသိန်း( ၄၀.၁) ကျပ် စုစုပေါင်း ကုန်ကျငွေ (၁၉၀.၁ )သိန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)