နွားထိုးကြီးနှင့် ကျိုက်ထိုမြို့နယ်တို့၌ PDF အမည်ခံအကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နွားထိုးကြီးနှင့် ကျိုက်ထိုမြို့နယ်တို့၌ PDF အမည်ခံအကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


MNP ၊ ဇန်နဝါရီ ၂

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ် ခြင်းများပြုလုပ်လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမောင်မှုံ(၅၅)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် အကြမ်းဖက် အဖွဲ့(စိစစ်ဆဲ) အင်အားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးမောင်မှုံတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း ကျေးရွာနေ ဒေါ်မြင့်မြင့်ခိုင်(ခ)မခိုင်(၄၀)နှစ်သည် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးသန်းလွင်(၅၈)နှစ် တူမ ဖြစ်သူ မရွှေသီရိခင်(၁၉)နှစ်တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသားတစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းလွင်နှင့် ဒေါ်မြင့်မြင့်ခိုင်(ခ)မခိုင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)