MNP ၊ ဇန်နဝါရီ ၃၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇန်နဝါရီလ ၂၇ ရက်နေ့ ၁၅၄၅ အချိန် သက်သေများနှင့်အတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၀)ရပ်ကွက်၊ မင်းတုန်းလမ်းနေ ဒေါ်ပြားချေ(ခ)ဒေါ်ခိုင်ဝင်း ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၆ ၀၅ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ မောင်ရွှေစိန် အား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၀)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ ၁၃၃၀ အချိန် မောင်ဘိုသန်း အား ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ ရတနာသိင်္ဂီပတ်လမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း၊ ၁၄၀၀ အချိန် ဦးကျော်ဝင်း အား အဆိုပါနေရာ၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၈၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိ ဒေါ်ပြားချေ(ခ)ဒေါ်ခိုင်ဝင်း(၄၃)နှစ်၊ မောင်ရွှေစိန်(၃၃)နှစ်၊ မောင်ဘိုသန်း(၃၉)နှစ် နှင့် ဦးကျော်ဝင်း(၆၃)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment