SSPP/SSA ရဲ့ ထုတ်ပြန်ချက် ဘယ်ဆီကို ဦးတည်နေသလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

SSPP/SSA ရဲ့ ထုတ်ပြန်ချက် ဘယ်ဆီကို ဦးတည်နေသလဲ






ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ဗဟိုကော်မတီမျက်နာစုံညီ ၂၀၂၃ နှစ်ချုပ်အစည်းအဝေး က ယနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် မှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်ဟာ မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ က ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ က ထုတ်ပြန်ခဲ့တဲ့ သဘောထားမျိုး ဖြစ်နေတာကို တွေ့မြင်ရပါတယ်။

ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒဆိုတဲ့ အသုံးအနှုန်းတွေက သူတို့ကိုယ်တိုင် လူမျိုးရေးအမုန်းတရားတွေ ဖန်တီးပြီး တိုင်းရင်းသားပြည်သူများကြား အမုန်းတရားကြီးထွားအောင် ဖန်တီးနေသလားဆိုတာ ဆန်းစစ်ဖို့ လိုအပ်လာပါတယ်။

ဒီအသုံးအသုံးအနှုန်းတွေနဲ့ လူမျိုးရေးအမုန်းတရားတွေ ဖန်တီးခဲ့ကြတာ အင်မတန်မှ ကြောက်စရာ ကောင်းပါတယ်။ ယခု ရှမ်းပြည်တွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ အဖွဲ့တွေသည်လည်း တိုင်းတပါးရဲ့ လိုလားချက်တွေကို မှီငြမ်းကိုးကား ရေးသားထုတ်ပြန်ပြီး သူတို့ကိုယ်တိုင်က မူးယစ်ဆေးဝါးနဲ့ တရားမဝင် လုပ်ငန်းတွေ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

လူမျိုးရေးအမုန်းတရားတွေ ဖန်တီးပြီး ဒေသခံပြည်သူများ အတိဒုက္ခရောက်စေမယ့် လုပ်ရပ်မျိုးတွေကို ဘယ်အဖွဲ့အစည်းကမှ မလုပ်ကြစေချင်တော့ပါဘူး။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)