စိုက်ပျိုးရေး ဓာတုဆေးဝါးများ အလွန်အကျွံ မသုံးစွဲမိစေရန် သွင်းအားစုရောင်းဝယ် ဖောက်ကားသူများကလည်းသတိရှိရှိ တာဝန်သိစိတ်ဖြင့် ရောင်းချဖြန့်ဖြူးရန် ဒုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေး ဓာတုဆေးဝါးများ အလွန်အကျွံ မသုံးစွဲမိစေရန် သွင်းအားစုရောင်းဝယ် ဖောက်ကားသူများကလည်းသတိရှိရှိ တာဝန်သိစိတ်ဖြင့် ရောင်းချဖြန့်ဖြူးရန် ဒုဝန်ကြီး ပြောကြား



နေပြည်တော် ဇန်နဝါရီ ၂၂

(၂၃)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို (၂၀-၁-၂၀၂၄)ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ ဒုဝန်ကြီးက စိုက်ပျိုးရေး ဓာတုဆေးဝါးများ အလွန်အကျွံ မသုံးစွဲမိစေရန် သွင်းအားစုရောင်းဝယ် ဖောက်ကားသူများကလည်းသတိရှိရှိ တာဝန်သိစိတ်ဖြင့် ရောင်းချဖြန့်ဖြူးရန် ထည့်သွင်းပြောကြားသွားသည်။


ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ တောင်သူများ၊ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက တောင်သူနှင့်သုတေသီပညာရှင်များ ထိတွေ့မှုရှိစေရန်နှင့် ရှိနေဆဲကွက်လပ်များကို ဖြည့်စွမ်း ပေးနိုင်ရန် လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် တောင်သူလယ်သမားများနှင့် လယ်ယာထွက်ကုန် ရောင်းဝယ်ဖောက်ကားသူများ ပူးပေါင်းပါဝင်မှုသည် ပဓာနကျကြောင်း၊ အလားတူ စိုက်ပျိုးရေး ဓာတုဆေးဝါးများ အလွန်အကျွံ မသုံးစွဲမိစေရန် သွင်းအားစုရောင်းဝယ် ဖောက်ကားသူများကလည်းသတိရှိရှိ တာဝန်သိစိတ်ဖြင့် ရောင်းချဖြန့်ဖြူးရန်လိုကြောင်း၊ စိုက်ပျိုးနည်း အလေ့အကျင့်ကောင်းများဖော်ထုတ်ရန် သုတေသနပြုခြင်းနှင့် နည်းပညာပြန့်ပွားရေးကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနအရာရှိတို့က “စပါးသီးနှံမျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်သော မျိုးစေ့ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)