မူဆယ်မြို့တွင် KIA အကြမ်းဖက်သမား ၂ဦး အရှင်ဖမ်းမိပြီး ၁ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့တွင် KIA အကြမ်းဖက်သမား ၂ဦး အရှင်ဖမ်းမိပြီး ၁ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရ



MNP ၊ ဇန်နဝါရီ ၂၂

တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားရာတွင် ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၄ ခုနှစ် ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်အနီး လုံခြုံရေးဆောင်ရွက်စဉ် အရပ်ဝတ် ဝတ်ဆင်ထားသော မသင်္ကာဖွယ် အမျိုးသား ၂ ဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ KIA အကြမ်းဖက်အဖွဲ့ဝင် ၂ ဦး(အရှင်) ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ ဦးအားဝါ၏ နေအိမ်သို့ သွားရောက်ရှင်းလင်းခဲ့ရာ နေအိမ်အတွင်းမှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ပြီး နေအိမ်အတွင်းသို ဝင်ရောက်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း KIAအကြမ်းဖက် ၁ လောင်း၊ KIA သောင်းကျန်းသူအဖွဲ့မှ တပ်သားအဆင့်ရှိ ကျား ၂ ဦး၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် မိုးမိတ်မြိုအတွင်း နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ  KIA+PDF ပူးပေါင်း ၈၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခြေမှုန်းခဲ့ရကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာကျေးရွာရှိ ခလရ(၁၂၃) သို နေရာ ၄ နေရာမှ KIA သောင်းကျန်းသူ ၁၂၀ ဦးခန့်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ လေကြောင်းရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း၊ ကရင်ပြည်နယ် ကော့ကရိတ်မြို နယ်အတွင်း လုံခြုံရေးဆောင်ရွက်စဉ် အမှတ်(၇) ရပ်ကွက်သို့အရောက် KKO( ခွဲထွက်) နှင့် PDF ပူးပေါင်းအဖွဲ့ ၁၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် တပ်မတော်သားများက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်အလောင်း ၃ လောင်း၊ လက်နက် ၄ လက်၊ကျည် ၂၅၉ တောင့်၊ ကျည်အိမ် ၂ ခု၊ ကျည်ခါးပတ်တွဲ ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြိုနယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် AA သောင်းကျန်းသူ ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရာ ရန်သူလက်နက် ၃ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၅၀ တောင့်၊ အမ်အေ(၁၀)ဗုံးသီး ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ဦးမြိုနယ် ဘုရားကုန်း၊ နဒင်ကုန်းနှင့် တောင်ကြားကုန်း များသို့ AA သောင်းကျန်းသူများမှ လာရောက်ပစ်ခတ်သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)