ဂျပန်နိုင်ငံ ငလျင်ဘေးဒဏ်သင့်ပြည်သူလူထုအတွက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ Nanao မြို့တော်ဝန်ထံသို့ အလှူငွေသွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်နိုင်ငံ ငလျင်ဘေးဒဏ်သင့်ပြည်သူလူထုအတွက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ Nanao မြို့တော်ဝန်ထံသို့ အလှူငွေသွားရောက်လှူဒါန်း




MNP ၊ ဇန်နဝါရီ ၂၂

ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင်  ၁-၁-၂၀၂၄ ရက်နေ့က ပြင်းအား ၇.၅ ရှိသော အင်အားကြီးငလျင်လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၂၃၂ ဦးကျော်အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူအများအပြားလည်း ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသည်။ အဆိုပါ ဒေသတွင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများလည်း ကယ်ဆယ်ရေးစင်တာများ တွင် ယာယီခိုလှုံနေထိုင်ခဲ့ကြရသည်။ 

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ငလျင်ဘေးဒဏ်သင့် အီရှီကာဝါပြည်နယ်၊ Nanao မြို့သို့ ၂၀-၁-၂၀၂၄ ရက်နေ့တွင် သွားရောက်ခဲ့ပြီး၊ Nanao မြို့တော်ဝန် Mr. Yoshitaka Chatani အား သွားရောက်တွေ့ဆုံ၍ လှူဒါန်းငွေများ ပေးအပ်ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးမှ မြန်မာနိုင်ငံ၏ ရင်းနှီးချစ်ကြည် သော မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် ယခုကဲ့သို့သဘာဝဘေးအန္တရာယ် ကြုံတွေ့ခံစားရခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ငလျင်ဘေးဒဏ် သင့်ဒေသများရှိ မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ပေးမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာသံရုံးအနေဖြင့် လိုအပ်သည်များကို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ 

Nanao မြို့တော်ဝန် Mr. Yoshitaka Chatani က သံအမတ်ကြီးမှ ငလျင်ဒဏ်ဖြစ်ပွားရာ ဒေသအထိ လာရောက်၍ အလှူငွေပေးအပ်ကာ ကူညီထောက်ပံ့ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြန်လည်ပြောကြားခဲ့ပါသည်။ 

သံအမတ်ကြီး ဦးစိုးဟန်သည် မြန်မာသံရုံး၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် နိုင်ငံ့ဝန်ထမ်းပညာတော်သင်များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြသော ဂျပန်ကုမ္ပဏီများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ဂျပန်နိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြသည့် မြန်မာကုမ္ပဏီများနှင့် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းငွေ ယန်း ၁.၉၈ သန်း အား မြို့တော်ဝန် Mr. Yoshitaka Chatani ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)