ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါပဠိပါရဂူ ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)ထံ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က သီရိပျံချီဘွဲ့တံဆိပ်တော် သွားရောက် ဆက်ကပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါပဠိပါရဂူ ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)ထံ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က သီရိပျံချီဘွဲ့တံဆိပ်တော် သွားရောက် ဆက်ကပ်











MNP ၊ ဇန်နဝါရီ ၂၂

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်၂၆ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ နိကာယ်ငါးရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီးသို့ ယနေ့ နံနက် (၁၀ ၂၀) ဝန်းကျင်ခန့်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရောက်ရှိလာခဲ့ပြီး ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါပဠိပါရဂူ ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)အား ၂၀၂၄ခုနှစ် ၇၆နှစ်မြောက်လွတ်လပ်ရေးနေ့၌ နိုင်ငံတော်မှ ချီးမြှင့်သော သီရိပျံချီဘွဲ့တံဆိပ်တော်အားဆပ်ကပ် လှူဒါန်းခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အား ဒဂုံမြို့သစ်ခရိုင် ခရိုင်စီမံအုက်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကာ နိကာယ်ငါးရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋကပါပဠိပါရဂူ ဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)အား ၂၀၂၄ခုနှစ် ၇၆နှစ်မြောက်လွတ်လပ်ရေးနေ့၌ နိုင်ငံတော်မှ ချီးမြှင့်သော သီရိပျံချီဘွဲ့တံဆိပ်တော်အားဆပ်ကပ်ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)