MNP ၊ ဇန်နဝါရီ ၈
မြောက်ပိုင်း လက်နက်ကိုင် သောင်းကျန်းသူများ လားရှိုးမြို့အနီး ချည်းကပ်လာသည့်အပေါ် မြို့ခံ ပြည်သူများကြား ကောလဟလသတင်းအမျိုးမျိုး ထုတ်လွှင့်၍ စိုးရိမ်သောက ရောက်အောင် ဖန်တီးလျက်ရှိကြောင်း လားရှိုးမြို့ခံ ဆရာတော်တစ်ပါးက ဆက်သွယ်မိန့်ကြားသည်။
ဆရာတော်က "ဒီနေ့မနက်လည်း တပ်မတော်ဘက်က ပစ်ခတ်တာတွေတော့ ကြားရတယ်။ ဘယ်နေရာတွေကို သောင်းကျန်းသူ လာကပ်နေသလဲဆိုတာတော့ မသိနိုင်ဘူးပေါ့ဒကာကြီးရယ်။ မြို့ခံ လူထုကြားမှာက ဟိုကောင်တွေက လားရှိုးမြို့ထဲ ဝင်လုံးတော့မှာဆိုပြီး ပေါက်ကရ သတင်းတွေ လူထုကြားမှာ ဖြန့်ဝေနေကြတာပေါ့။ မြို့ခံတွေက ဆွေမျိုးသားချင်း ရှိတဲ့ဘက် ပြောင်းကြတာတွေလည်း ရှိလာတယ်။ အဲဒီလို အခါမျိုးမှာ နေအိမ်တွေကို ဝင်ရောက်ဖောက်ထွင်းတာမျိုးတွေ ဖြစ်လာတယ်ပေါ့ဗျာ။ မြို့ခံ ပြည်သူလူထုကြားထဲမှာ ကောလဟလသတင်းတွေနဲ့ အကြောက်တရားတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်နေကြတာကို တွေ့လာရတယ်။" ဟု မိန့်ကြားသည်။
ဆက်လက်၍ ဆရာတော်က "ပိုဆိုးတာက တပ်ထဲက လူတွေလည်း ပြောင်းရွှေ့နေကြပြီဆိုတာမျိုးတွေ လုပ်ကြံသတင်းတွေ ဖြန့်ဝေနေကြတယ်ပေါ့ဗျာ။ လက်နက်ကိုင်ထားတဲ့သူတွေတောင် ပြောင်းရွှေ့နေကြပြီ။ ကိုယ်တွေမှာ ဘာရှိလို့လဲ၊ အထုပ်ပြင်ထားကြ ဆိုတာမျိုးတွေအထိပေါ့။ မြို့ခံတွေက အဲဒီလို ဖြစ်နေပြီး စစ်ဘေးရှောင်တွေက ရောက်လာတယ်။" ဟု မိန့်ကြားသည်။
ရှမ်းပြည် (မြောက်ပိုင်း)တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် လက်နက်ကိုင် သောင်းကျန်းသူများက လားရှိုးကို ဆင်းလာပြီဟူသော ရုပ်သံများ ကို ယမန်နေ့က ပြည်ဖျက်မီဒီယာများမှ ထုတ်ပြန်၍ ပြည်သူလူထု စိုးရိမ်မှု မြင့်တက်အောင် လုပ်ဆောင်လျက်ရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment