ငါတို့ လမ်းပျောက်နေပြီလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါတို့ လမ်းပျောက်နေပြီလား


ခေါင်းထဲကို အတွေးဝင်လာသည့်အခါတိုင်း အတိတ်မေ့သလို ရွှေပျောက်သလိုအထိ ဖြစ်ဖြစ်သွားတယ်။ တချို့ကလည်း ဖုန်းဆက်ကြသေးတယ်။ ငါတို့မြန်မာနိုင်ငံ ပဲ့ထွက်သွားပြီလားတဲ့။

ကျွန်တော်လည်း စိတ်မရှည်တော့ဘူးဗျာ။ ခင်ဗျားလည်း ခင်ဗျားဘာသာ တွေး၊ ကျုပ်လည်း ကျုပ်ဘာသာ တွေးနေတယ်ဗျာ။ ကျွန်တော် ဖုန်းချပစ်လိုက်တယ်။

နီပိန်းတွေ စတင်အကြမ်းဖက်လာစဉ်ကတည်းက ပြည်ပရောက် အမျိုးသားရေးအမြင်ရှိသူတွေနဲ့ ပြောဆိုတယ်။ ဆွေးနွေးတယ်။ တော်တော်လေး ကြာပြီ အဆက်ပြတ်သွားခဲ့တယ်။

ဒီကနေ့ ကိုဇော်ဖုန်းဟိန်း ပြောတာတွေကို တောက်လျောက် နားထောင်နေတယ်။ သူပြောနေတာတွေက ကျွန်တော် ပြောချင်တဲ့ စကားတွေကို ကျွန်တော့်ထက်ပိုပြီး ပြည့်စုံအောင် ပြောနေတာပဲ။

ကျွန်တော်တို့က ပြဿနာတစ်ခုခု ဖြစ်လာတိုင်း ဟိုအပြစ်တင်၊ ဒီအပြစ်တင် အပြစ်တင်လို့ ဆုံးမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ကြ။ ဗမာတွေ စော်ကားခံနေရတယ်။ ဗမာမုန်းတီးရေးကို ဦးတည်လှုံ့ဆော်ပြီး လူမျိုးရေးပဋိပက္ခ ဖန်တီးနေကြတယ်။ ဒီကနေ့ Live တော်တော်များများကို နားထောင်လိုက်တော့ လောက်ကိုင်မှာ မျောက်အလံစိုက်ပြီ ဆိုတဲ့ ပြဿနာပဲ။ ကျွန်တော်တို့ ခံစားရတာ မဟုတ်ဘူး။ ဆရာတော် သံဃာတော်တွေလည်း ခံစားနေကြရတယ်။

အဲဒီတော့ ကျွန်တော်တို့က တပ်မတော်ကိုချည်း ထိုင်အပြစ်ပြောနေလို့လည်း ပြီးတဲ့ကိစ္စမဟုတ်ဘူး။ တပ်မတော်မှာလည်း တာဝန်ရှိသလို ပြည်သူများမှာလည်း တာဝန်ရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကြည့်ရင် ကိုယ့်တာဝန် ကိုယ်သိကြလိမ့်မယ်။ အခုက ကျွန်တော်တို့က ကိုယ်တိုင် ဘာမှ တာဝန်ယူ၊ တာဝန်ခံတာ မရှိဘဲနဲ့ ဝေဖန်ပြောဆိုနေတဲ့ သဘောမျိုး မပြောလိုတော့ဘူး။ 

အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေကို တပ်မတော်က အသုံးချဖို့ 

ခေါ်ချင်ရင်လည်း ခေါ်၊ မခေါ် ချင်ရင်လည်း နေ၊

ကျွန်တော်တို့မှာလည်း တာဝန်ရှိတဲ့အတွက် လောက်ကိုင်မှာ မြန်မာ့အလံ ပြန်လည်စိုက်ထူနိုင်ဖို့

ကိုဇော်ဖုန်းဟိန်းတို့ ဦးဆောင်မယ်ဆိုရင် ကျွန်တော်တို့ ကျရာအခန်းကဏ္ဍက လိုက်ပါမယ်။ ဘယ်သူ ဦးဆောင်မလဲ ကျွန်တော်တို့ လိုက်ပါမယ်။ မင်းတို့ ဦးဆောင်ပြီး ရှေ့ကထွက်လို့ ပြောရင်လည်း ထွက်ပါမယ်။ ကိုဇော်ဖုန်းဟိန်း ကိုတော့ ဒီစကား ပြောခဲ့ပါတယ်။

နောက်တစ်ခါ ကိုနန္ဒကျော် Live လွှင့်နေတာတွေ့လို့ ဝင်နားထောင်ကြည့်တယ်။ သူ့ရဲ့ သဘောထားကို မေးတယ်။ သူတို့ရဲ့ အတွေ့အကြုံ၊ သူတို့ရဲ့ အမျိုးသားရေးအမြင်ကို သိချင်လို့ပါပဲ။ အဲဒီတော့ သူပြောတဲ့အထဲမှာ တရုတ်ရဲ့ သဘောသဘာဝကို သိလာရတယ်။ ကျွန်တော်တို့က လက်ရုံးရည်စစ်ပွဲမှာ ပါဝင်နိုင်သူတွေ မဟုတ်ဘူး။ ကျွန်တော်တို့ နှလုံးရည်စစ်ပွဲနဲ့ ပြည်သူတစ်ယောက်လုပ်နိုင်တဲ့ အလုပ်တွေ လုပ်ရမယ်။ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် မှားယွင်းနေရင် ပြင်ဆင်ဖို့ ဆန္ဒပြ ကန့်ကွက်မှုတွေ လုပ်သင့်ရင်လည်း လုပ်ရမယ်။

ဒီနေရာမှာ ဆန္ဒပြတာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ သူက ပါလာတယ်။ ဒါလည်း သူ့သဘောထားပါပဲ။

ဒီကိစ္စမှာ ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းက ဒီကိစ္စအတွက် အဖြေထွက်အောင် ဆောင်ရွက်နိုင်သူတွေ မဟုတ်ဘူး။ တိုက်ခိုက်သတ်ဖြတ်ခြင်းဟာလည်း အဖြေမဟုတ်သလို၊ ဆန္ဒပြ ကန့်ကွက်ခြင်းဟာလည်း အဖြေတော့မဟုတ်ဘူး။

ကိုယ်ဘာလုပ်နိုင်မလဲ၊ သူတပါးကို ပြစ်တင်ပြောဆိုနေခြင်းထက် ဖြစ်ပေါ်လာတဲ့အခြေအနေတစ်ရပ်အပေါ်မှာ ငါ ဘာလုပ် မလဲလို့ ငါလုပ်နိုင်တဲ့ အလုပ်ကို စတွေးတာ၊ နောက်တစ်ဆင့် ငါတို့ ဘာလုပ်မလဲ (ညီညွတ်တဲ့ အင်အားတစ်ရပ်ရှိမယ်ဆိုရင်ပေါ့။)

လမ်းပျောက်တယ်ဆိုတာတော့ မရှိပါဘူး။ တွေဝေနေကြတာ။ ကိုယ့်ကိုယ်ကို ညှာပြီးတွေးတာ၊ ညာပြီး တွေးတာ။ ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်။ တူရင်တွဲလုပ် မတူရင် ခွဲလုပ်။ လမ်းပျောက်တယ်ဆိုတာ မရှိဘူး။ အကြောက်တရားနဲ့ တွေဝေနေကြခြင်းပါပဲ။

အလုပ် တစ်ခု လုပ်တော့မယ်ဆိုရင် နောက်ဆုံးဖြစ်လာနိုင်တဲ့အခြေအနေအထိ တွေးပြီလုပ် (အဆိုးဆုံး အခြေအနေထိ ဖြစ်လာနိုင်သမျှ အခြေအနေကို ရင်ဆိုင်အံတုဝံ့တယ်ဆိုရင်) ရဲရင့် ပြတ်သားတဲ့ သတ္တိမျိုးကို ရပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ အကြောက်တရားနဲ့ တွေးရင် အဖြေမရှိပါဘူး။ လမ်းမပျောက်ပါစေနဲ့။


နောင်တော်လေး (ဘိုကလေး)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)