ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်အုတ်ရေကန်များအား လိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်အုတ်ရေကန်များအား လိုက်လံစစ်ဆေး




MNP ၊ ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် အရန်မီးသတ်တပ်ဖွဲ့တို့မှ ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်အုတ်ရေကန်များအားယနေ့ နံနက်ပိုင်းကလိုက်လံစစ်ဆေးခဲ့ကြသည်။

ပွင့်လင်းရာသီသို့ရောက်ရှိလာ၍ မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပေါ်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် အလွယ်တကူ ရေရရှိနိုင်ရန်  မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်အုတ်ရေကန်များအား ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးအေးမြင့်နှင့်အဖွဲ့ဝင်များက လိုက်လံစစ်ဆေး ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)