ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေး အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေး အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ



MNP ၊ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေးတိုးပွားစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန် အာထားစိုက်ပျိုးသည့် ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုနှင့် စိုက်ပျိုးမြေ ကောင်းမွန်မှုကြောင့် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ် ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်တွင် သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ကုလားပဲသီးနှံကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် ထိုသို့ စိုက်ပျိုးရာ၌ မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန၏ ကြီးကြပ်မှုဖြင့် တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ကာ စနစ်တကျ စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ဒေသက စိုက်ပျိုးရေ အဆင်ပြေတော့ ရာသီအလိုက် သီးနှံစိုက်ပျိုးလုပ်ကိုင်ရတာ အဆင်‌ပြေတယ်ဗျ။ ယခုနှစ်မှာဆိုရင် တောင်သူ တွေ သီးနှံဝင်ငွေ တိုးပွားရေး အားထားစိုက်ပျိုးတဲ့ ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိကြတယ်။ ဆောင်းသီးနှံ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူတွေကို စိုက်နည်းစနစ်တွေ၊ သွင်းအားစုပစ္စည်း အချိုးကျ မှန်ကန်စွာ သုံးစွဲနည်းတွေကို ကြီးကြပ်ကူညီ ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် သီးနှံအထွက်နှုန်း ကောင်းဖို့အတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုး နိုင်အောင် လိုအပ်တာတွေကိုလည်း ကူညီဆောင်ရွက်ပေးပါတယ်။ ကျွ‌န်တော်တို့မြို့နယ်အနေနဲ့ ယခုနှစ်ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးရေးကို တစ်မြို့နယ်လုံး စိုက်ဧက ၂၁၈၄၃ ဧက လျာထားစိုက်ပျိုးရာမှာ ‌မြေပြင်စိုက်ပျိုးနိုင်မှုဧက ၃၉၂၀၁ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တောင်သူတွေ အားထားစိုက်ပျိုးတဲ့ ကုလားပဲစိုက်ခင်း တွေဟာ အောင်မြင်ဖြစ်ထွန်းလျက်ရှိတာကြောင့် သီးနှံပေါ်ချိန်မှာ ဈေးကောင်းရရှိဖို့ မျှော်လင့်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။ 


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)    

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)