အကြမ်းဖက်လှုံ့ဆော် သတင်းသမားအများဆုံး ရှိတဲ့ နိုင်ငံဟာ မြန်မာနိုင်ငံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော် သတင်းသမားအများဆုံး ရှိတဲ့ နိုင်ငံဟာ မြန်မာနိုင်ငံ



ပြည်ပြေး ဝရမ်းပြေး အောင်ဇော် ဦးဆောင်တဲ့ ဧရာဝတီသတင်းဌနက ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာ "သတင်းသမားများ ဖမ်းဆီးခံရမှု မြန်မာ ဒုတိယအများဆုံးဖြစ်နေဟု CPJ ဆို" ဟု ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို တွေ့ရပါတယ်။

သူ့ရဲ့ ရေးသားဖော်ပြချက်မှာတော့ "မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း သတင်းသမားများကို ဖမ်းဆီး အကျဉ်းချသည့် နိုင်ငံများစာရင်းထဲ ဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည်။ သတင်းသမားများ ဖမ်းဆီးမှုတွင် တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ မြန်မာနိုင်ငံဖြစ်ကြောင်း၊ ကမ္ဘာတဝှမ်း ကြည့်မည်ဆိုပါက ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်ထိ သတင်းသမား ၃၂၀ ဦး ဖမ်းဆီးခံထားရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် သတင်းသမား ဖမ်းဆီးမှု ၄၄ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသည် ၄၃ ရာခိုင်နှုန်းနှင့် ဘီလာရုစ်နိုင်ငံသည် ၂၈ ရာခိုင်နှုန်းဖြစ်ပြီး မြန်မာနှင့် ဘီလာရုစ်တို့သည် ၂၀၂၁ မှစတင်ပြီး သတင်းသမားများအားဖိနှိပ်မှု သိသိသာသာ ဆိုးရွားလာခဲ့သည်ဟုလည်း CPJ က ဆိုထားသည်။ စစ်အာဏာသိမ်းမှု ၃ နှစ်ခန့်ကာလအတွင်း မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့် ဆိုးရွားစွာ ကျဆင်းနေသလို သတင်းဌာနနှင့် သတင်းသမားများသည် စစ်တပ်၏ ပစ်မှတ်ထားဖမ်းဆီးခြင်းကို ခံနေရသည်။" လို့ ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။

သတင်းသမားတွေ က ဘယ်လို ရည်ရွယ်ချက်မျိုးတွေနဲ့ အလုပ် လုပ်နေကြလို့ ဖမ်းဆီးတာလဲ၊ ဘယ်လို သတင်းထောက်တွေကို ဖမ်းဆီးတာလဲဆိုတာကိုတော့ ထည့်သွင်း ဖော်ပြခြင်း မရှိပါဘူး။

မြန်မာနိုင်ငံကို ပစ်မှတ်ထားပြီး မီဒီယာစစ်ပွဲ (ထိုးစစ်)ဆင်နွှဲရာမှာ အမေရိကန်အစိုးရရဲ့ လက်ကိုင်တုတ်မီဒီယာတွေ ဖြစ်တဲ့ VOA, RFA အပါအဝင် ဗြိတိန်သတင်းဌာန BBC တို့က တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်တယ်။ တဖန် အကြမ်းဖက်လှုံ့ဆော်မှုတွေကြောင့် ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar အစရှိသော ထုတ်ဝေခွင့် ပိတ်သိမ်းခြင်းခံထားရတဲ့ သတင်းဌာနအများစုကို အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စု၊ အိုအိုင်စီ တို့က ကူညီပံ့ပိုးပေးထားပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အစဉ်သဖြင့် ပေါက်ပန်းစေသတင်းများ လုပ်ကြံဖန်တီးရေးသားပြီး မြန်မာနိုင်ငံသားအများစုကို သတင်းမှိုင်းတိုက်တယ်။ အကြမ်းဖက်လှုပ်ရှားကို မီးလောင်ရာ လေပင့် လုပ်ဆောင်ပေးနေတယ်။

အဲဒီလို လုပ်ဆောင်နေသူတွေဟာ သတင်းသမားလား၊ အကြမ်းဖက်လှုံ့ဆော်သူလား ဆိုတာ သူတို့ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ ကောင်းပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံအစိုးရကတော့ မီဒီအပေါ် လွန်စွာသဘောကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ BBC, VOA, RFA အစရှိတဲ့ ပြည်ဖျက်မီဒီယာများကို နိုင်ငံတော်အဆင့် သတင်းထုတ်ပြန်ရေးထဲမှာ တရားဝင် ထည့်သွင်းပေးထားပြီး အစိုးရထုတ်ပြန်ချက် သတင်းတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသလို မေးမြန်းမှုတွေကိုလည်း ဖြေကြားပေးနေတာ တွေ့ရပါတယ်။ အဲဒီ BBC, VOA, RFA တို့ဟာ အစိုးရထုတ်ပြန်ချက်တွေကို ရယူ၊ သူတို့ သိချင်တာ မေးမြန်းပြီး အပြုသဘောဆန်ဆန် ရေးသားလို့ မေးရင် အပြုသဘောဆန်ဆန် ရေးသားဖော်ပြချက်ကို တွေ့ရမှာ မဟုတ်ပါဘူး။ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို တော်လှန်ရေးအသွင် ပုံဖော်ပြီး ရေးသားဖော်ပြပေးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ သတင်းသမားအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများကို စနစ်တကျ ထိန်းသိမ်းခဲ့မယ်ဆိုရင် ယခုလို အပြစ်မဲ့ ပြည်သူများကို နီပိန်း အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်မှုတွေ ထက်ဝက်လျော့ကျ သွားနိုင်ပါတယ်။

အရင်းစစ်တော့ အမြစ်မြေက ဆိုသလို ပြည်ဖျက်မီဒီယာတွေကို ပြည်တွင်းမှာ အခြေချခွင့်ပေးခဲ့တာက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြစ်ပါတယ်။ ပြည်တွင်း မှာ အခြေချပြီး ပြည်သူလူထုကို သတင်းမှိုင်းတိုက်ခွင့်ရခဲ့တယ်။ လူမျိုး ဘာသာရေး ပြဿနာတွေ ဖန်တီးခဲ့ကြတယ်။ ခိုးဝင်ဘင်္ဂါလီကို မီဒီယာအားနဲ့ လူမျိုးလိမ်အသိအမှတ်ပြုမှု ရဖို့ ကြိုးပမ်းခဲ့ကြတယ်။ 

တကယ်တော့ စစ်တမ်းထုတ်သူတွေဟာ သတင်းသမားအမည်ခံ လုပ်စားနေသူတွေရဲ့ သောက်ကျင့်မကောင်းတာကိုတော့ စစ်တမ်းထုတ်တာမျိုး မရှိကြလို့ပါ။ သောက်ကျင်မကောင်းသော သတင်းသမားများ စစ်တမ်းထုတ်မယ်ဆိုရင် လုပ်စားသတင်းသမားများ အများဆုံးရှိသော နိုင်ငံ၊ အကြမ်းဖက်လှုံ့ဆော်သတင်းသမား အများဆုံး ရှိတဲ့ နိုင်ငံ၊ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ သတင်းသမားအများဆုံး ရှိတဲ့ နိုင်ငံများ စာရင်းမှာ မြန်မာပြည်ဟာ နံပါတ်(၁) ဖြစ်ပါလိမ့်မယ်။

အကြမ်းဖက်လှုံ့ဆော် သတင်းသမားများဟာ ဘယ်သတင်းဌာနတွေမှာ လုပ်ကိုင်နေကြသလဲမေးရင်တော့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော သတင်းဌာနများမှ သတင်းသမားအများစု ဖြစ်ပါတယ်။


ဒေါင်းနင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)