ဂွမြို့နယ်မကျေးငူကျေးရွာရှိ မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်မကျေးငူကျေးရွာရှိ မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်



MNP ၊ ဇန်နဝါရီ  ၃၀



ရခိုင်ပြည်နယ်၊ ဂွမြို့နယ် မကျေးငူတောင်ပိုင်းတွင် ယမန်နေ့ညက လူနေအိမ်တစ်လုံးမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းနှင့် မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ယနေ့၊ နေ့လယ်ပိုင်းတွင် အဆိုပါကျေးရွာသို့ သွားရောက်ပြီး မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုထံသို့  ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ဆန်(၁၀)ပြည်အိတ်တစ်အိတ်၊ ကြက်ဥအလုံး(၃၀) နှင့်  ဆီတစ်ပိဿာ စုစုပေါင်းတန်ဖိုး- ၆သောင်း၅ရာကျပ်အား ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)