MNP ၊ ဇန်နဝါရီ ၂၅
ဗိုလ်ချုပ်အောင်ဆန်း ၏ သားကြီး ဦးအောင်ဆန်းဦးနှင့် သမီးငယ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားရင်ဆိုင်နေရသည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄)အား လေလံတင်ရောင်းချရန် ကြမ်းခင်းဈေးအား ကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ (ကျပ် ၃၁၅ ဘီလျံ) ဖြင့် သတ်မှတ်ကြောင်း ကမာရွတ်ခရိုင်တရားရုံးက ယနေ့ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄)အား ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမွေခွဲဝေမှုအပေါ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦး လျှောက်ထား တောင်းဆိုသည့်အတိုင်း ခြံအမှတ်(၅၄)တစ်ခုလုံးအား လေလံတင်ရောင်းချပြီး ရရှိလာသည့်တန်ဖိုးကို ခွဲဝေရယူရန်အမိန့်ချမှတ်ခဲ့ပြီး ယခုအခါ ကမာရွတ်ခရိုင်တရားရုံးက လေလံကြမ်းခင်းဈေးသတ်မှတ်သည့် အမိန့်ချမှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခြံအမှတ် ၅၄ ၏ဧရိယာ အကျယ်အဝန်းမှာ ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment