MNP ၊ ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု ၊ကွင်းအမှတ် ( ၄၀၈) ရွာဟောင်းကွင်းရှိ တောင်သူ ဦးကျော်ဌေး၏ လယ်မြေတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ၏ ကြီးကြပ်မှုဖြင့် နွေစပါးYAR-14 ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဌ ၊စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှု ကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်က နွားမယံကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ အနေဖြင့် နွေစပါးစိုက်ပျိုးရာတွင် ပျိးထောင်စိုက်ပျိုးခြင်း၊ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ၊ Drum Seeder လက်ဆွဲကောက်စိုက်ကိရိယာတို့ဖြင့်သာစိုက်ပျိုးရန်နှင့်ကြဲခင်းစိုက်ပျိုးခြင်းများ လုံးဝ ( လုံးဝ) စိုက်ပျိုးခြင်း မပြုလုပ်ရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ နွေစပါးYAR-14 ပျိုးဗန်းဖြင့် ပျိုးထောင်သည့်နေရာသို့ ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ပါ ဌာနဆိုင်ရာများ ၊နွားမယံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် နွေစပါးစိုက်တောင်သူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအာင်
နှင့်ဝန်ထမ်းများ စုစုပေါင်းအင်အား ( ၄၀)ဦးခန့်တက်ရောက်ခဲ့ပြီး နွေစပါး( ၅.၀၀) ဧကတွင် ပျိုးဗန်းဖြင့် ပျိုးထောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment