ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမ၌ မြို့နယ်ရုံးဝန်ထမ်းများက
လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စု စာအုပ်ပါ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာ ရှိ ဦးစန်းဝင်းက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ရည်ရွယ်ချက်နှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စု စာအုပ်ပါ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ စာအုပ်ပါ အခန်း(၅) လစာသတ် မှတ်ခြင်း ခေါင်းစဉ်မှ ဝန်ထမ်းတစ်ဦး၏ စတင်ခံစားခွင့်ရှိသော ကနဦးလစာနှင့် စပ်လျဉ်း၍
အကြောင်းအရာများကို လည်း ကောင်း၊ ဒေါ်ဌေးဌေးဝင်း (စာကြည့်တိုက်လက်ထောက် -၃)က ဖော်ပြပါ အခန်း(၅)မှ နှစ်တိုးလစာနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို အကျယ် တဝင့် ဖတ်ကြားဆွေးနွေး
ခဲ့ကြသည်။ ဆက်လက်၍ ဦးစိုးမင်းထွန်း(ဓာတ်ပုံကျွမ်းကျင်-၂) က အဆိုပါ နှစ်တိုးလစာ ရေ တွက်ခွင့်ပြုခြင်းများ၊ သက်ဆိုင် ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံသို့ အဆိုပြုတင် ပြ၍ သဘောတူခွင့်ပြုချက် ရယူဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဖတ်ကြားဆွေးနွေး
ခဲ့သည်။
အဆိုပါ ဆွေးနွေးအချက် အ ကြောင်းအရာတို့အား ဦးစီးအရာ ရှိ ဦးစန်းဝင်းက ပြန်လည်ဖြည့် စွပ်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment