အရာတော်မြို့နယ်အတွင်းမှ PDF များကို နှိမ်နင်းဆောင်ရွက်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့နယ်အတွင်းမှ PDF များကို နှိမ်နင်းဆောင်ရွက်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)



နိုင်ငံတော်အကြီးအကဲများ ခင်ဗျာ -

ကျွန်တော်တို့ အရာတော်မြို့နယ်အတွင်း NLD အစွန်းရောက်များက PDF အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်း၍ လှုပ်ရှားဆောင်ရွက်နေသည်မှာ တပ်မတော်က အာဏာလွှဲပြောင်းရယူပြီးသည့်အချိန်မှ ယနေ့အချိန် အထိ ပင် ဖြစ်ပါသည်။

NLD အစွန်းရောက်များက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြပြီး ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသော ပြည်သူများကိုလည်း သတ်ဖြတ်ခဲ့သည်မှာ ၂၀၀ ကျော်အထိ ရှိခဲ့ပါပြီ။

PDF အဖွဲ့များကို NLD ပါတီမှ ဝဏ္ဏ၊ ခင်မောင်လွင်၊ သော်က တို့က ဦးဆောင်ပြီး ကျေးရွာများတွင် PDF အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းစေပြီး တရားမဝင် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အခြေအနေ များကိုလည်း တာဝန်ရှိသူများ သိရှိနိုင်စေရန် မီဒီယာများမှတဆင့် ဆက်သွယ် တင်ပြခဲ့ပါသည်။ သို့သော် လည်း တာဝန်ရှိ သူများအနေဖြင့် ယနေ့တိုင်အောင် အရာတော်မြို့နယ်အတွင်း PDF အကြမ်းဖက် လှုပ်ရှားမှုကို စနစ်တကျ ရှင်းလင်းခြင်း မရှိသောကြောင့် ဒေသခံပြည်သူများမှာ မချစ်သော်လည်း အောင့်ကာနမ်း ဆိုသည့်အတိုင်း ၎င်းတို့ PDF အကြမ်းဖက်သမားများ၏ လက်အောက်တွင် မပြောဝံ့၊ မဆိုဝံ့ အကြောက်တရားဖြင့် နေကြရ ပါသည်။

အရာတော်မြောက်ခြမ်းတွင် နောင်ကြီးအိုင်ကျေးရွာအုပ်စု (နောင်ကြီးအိုင် အပါ ၅ရွာ) တွင် PDF အကြမ်းဖက် အဖွဲ့အသီးသီး ရှိနေပါသည်။ ချင်ပင်ကျေးရွာအုပ်စု၊ ရေယိုကျေးရွာအုပ်စုတို့တွင် PDF အကြမ်း ဖက်အဖွဲ့များ ရှိနေကြပါသည်။ အဆိုပါ နောင်ကြီးအိုင်၊ ချင်ပင်၊ ရေယို ကျေးရွာအုပ်စု သုံးစုက PDF တစ်အုပ်စု အဖြစ် ရှိနေပါသည်။ မြင့်ဝင်း၊ ခိုင်ဇာ၊ ပသီးတိုး ဆိုသူ (၃) ဦးက ဦးဆောင်ပါသည်။ NLD လွှတ် တော်အမတ်ဟောင်း ဝဏ္ဏ၏ တပည့်များ ဖြစ်ပြီး ဝဏ္ဏသတ်ခိုင်းသူကို သတ်၊ ဝဏ္ဏဖမ်းခိုင်းသူကို ဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြပါသည်။ PDF အကြမ်းဖက်အဖွဲ့ဝင် အင်အား (၁၀၀၀) ခန့် ရှိပါသည်။

အုတ်ရှစ်ကြီးကျေးရွာအုပ်စု၊ ငှက်ပျောခြံကျေးရွာအုပ်စု၊ ရွာသစ်အုပ်စု၊ ဂဲ့သားမွေးအုပ်စု အစရှိသော ကျေးရွာအုပ်စု (၄)စုတွင် PDF တစ်ဖွဲ့ရှိပါသည်။ PDF ခေါင်းဆောင်များမှာ ဖိုးချွန်း၊ ကျော်သူထွန်း (ထန်းတောကုန်းရွာ PDF ခေါင်းဆောင်များ)၊ အုတ်ရှစ်ကြီးကျေးရွာအုပ်စုအတွင်းရှိ အိုးဘိုကုန်းကျေးရွာတွင် PDF အဖွဲ့ကို မောင်နီ၊ ဝင်းကြိုင် တို့က ဦးဆောင်ကြပါသည်။ အုတ်ရှစ်ကုန်းကျေးရွာရှိ PDF အဖွဲ့ကို ဖိုးကံ၊ မြင့်ထွန်း တို့က ဦးဆောင်ကြပါသည်။ ရွှေတွင်းကုန်းကျေးရွာ PDF အဖွဲ့ကို ကျော်ဝင်း၊ သန်းနိုင် တို့က ဦးဆောင်ကြ ပါသည်။ ငှက်ပျောခြံကျေးရွာအုပ်စုတွင် PDF အဖွဲ့ကို ငချာ က ဦးဆောင်ပါသည်။ ရွာသစ်အုပ်စု၊ ဂဲ့သားမွေးအုပ်စု တွင် ဘိတ်သိတ်ဆရာ သော်က ကိုယ်တိုင်က ဦးဆောင်ပါသည်။ 

PDF အကြမ်းဖက်ခေါင်းဆောင်များသည် တခြားနယ်မှ လက်နယ်ခဲယမ်းများ သယ်ဆောင်လာကြပြီး လက်နက်အင်အား ပိုမိုတောင့်တင်းလာသည့် အခြေအနေ ရှိပါသည်။ PDF ခေါင်းဆောင်များက မူးယစ် ဆေးဝါး ဖြန့်ချိခြင်း၊ လောင်းကစားဝိုင်းများ လုပ်ဆောင်နေကြပါသည်။ မူးယစ်ဆေးဝါးဖြန့်ချိခြင်းနှင့် လောင်း ကစားဝိုင်းများကို အုတ်ရှစ်ကြီးကျေးရွာအုပ်စုအတွင်း အဓိက လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

PDF အကြမ်းဖက်သမားများသည် ယခင်က တောထဲတွင် စခန်းပြုလုပ်နေထိုင်ကြသော်လည်း တပ်မတော် က နှိမ်နင်းခြင်းမရှိသည့်အခါ ကျေးရွာများပေါ်တွင် ဗြောင်ကျကျ နေထိုင်ပြီး ၎င်းတို့၏ အစည်းအဝေးများကို ဓမ္မာရုံများ၊ ဘုန်းတော်ကြီးကျောင်းများတွင် လုပ်ကိုင်၍  ယင်းမာပင်ဘက်မှ CDM ပြုလုပ်၍ တောခိုလာ သော ဆရာဝန်၊ ဆရာမ၊ ကျောင်းဆရာ/ဆရာမများ ကို လက်ခံထားပြီး PDF ခေါင်းဆောင်များက ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို စီစဉ်ဆောင်ရွက်နေကြပါသည်။ ကျွန်တော်တို့သည် နစကအစိုးရ လက်ထက်ဟု ဆိုသော်လည်း PDF အကြမ်းဖက်သမားများ လက်အောက်တွင်သာ ၎င်းတို့၏ အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးမှုကို ခါးစည်းခံနေကြရပါသည်။

PDF အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာပြီးနောက် ဘုန်းတော်ကြီးကျောင်းမှ ရုပ်ပွားဆင်းတုတော်များ မကြာခဏ ပျောက်ဆုံးနေပြီး သံဃာတော်များအနေဖြင့်လည်း PDF ကို ကြောက်ရသဖြင့် မပြောဝံ့ကြပါ။ PDF အကြမ်းဖက်သမားများသည် ဘာသာ သာသနာပေါ် အလေးထားခြင်းမရှိ ဘုန်းတော်ကြီးကျောင်း၊ ဘုရားများပေါ်တွင် ဖိနပ်စီးခြင်း၊ အရက်သေစာ သောက်စားမူးယစ်ခြင်းများ လုပ်ဆောင်နေသည့်တိုင် အောင် ပြောမရဘဲ လက်ပိုက်ကြည့်နေရသည့် အခြေအနေမျိုး ဖြစ်ပါသည်။

လူငယ်များကို လက်နက်ပေးမည်ဟု မက်လုံးပေးပြီး PDF ထဲ ဝင်ခိုင်းကာ အစအနရှာမရဘဲ ပျောက်ဆုံး သွားသည့် လူငယ်များကိုလည်း မေးမြန်းစုံစမ်း၍ မရတော့ပါ။ မိဘများက သေပြီထင်၍ ဆွမ်းသွပ်မည် ဆိုလျှင်လည်း PDF အဖွဲ့က ခွင့်မပြုပါ။

PDF အကြမ်းဖက်သမားများသည် ကျေးရွာအသီးသီးမှ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သူများကို အဓိကထား ဖမ်းဆီး သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။

အထက်ပါ အခြေအနေများကို မြို့ပေါ်ရှိ နစကအစိုးရမှ ခန့်အပ်ထားသည့် မြို့နယ်စီမံအုပ်ချုပ်ရေး၊ နယ်မြေ ခံတပ်အနေဖြင့်လည်း မသိမဟုတ် သိနေပါသည်။ သိပင်သိငြားလည်း ကျေးရွာများရှိ ဒေသခံပြည်သူ လူထု ၏ မျက်နှာကိုမကြည့် PDF အကြမ်းဖက်သမားများနှင့် လက်ဝါးချင်းရိုက်စားနေသလားဟုပင် ထင်ရ လောက်အောင် PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြို့ပေါ်ရှိ အာဏာပိုင်များကို သတင်းပေးပို့တင်ပြသူများမှာ မကြာခဏဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ရပါသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦး×× မှာ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများကိုပင် အာမခံဖြင့် လွှတ်ပေးခဲ့ပါသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်း ရှိနေသည့် ဖရဲသီး ဖြစ်ပါသည်။

နောင်ကြီးအိုင် ရဲစခန်းမှာလည်း ရဲမရှိတော့ဘဲ PDF အကြမ်းဖက်သမားများက စိုးမိုးထားပြီ ဖြစ်ပါတယ်။ ယခုအခါ ကျေးရွာအသီးသီးတွင် PDF ဂိတ်များဖွင့်၍ ခရီးသွား ပြည်သူများထံမှ ဂိတ်ကြေးအပြိုင်အဆိုင် ကောက်ခံနေကြပြီး PDF အကြမ်းဖက်အဖွဲ့အချင်းချင်းပင် အဝေမတည့်၍ ပြဿနာတက်သည့်အသံများ ထွက်လာနေကြပါပြီ။

နိုင်ငံတော်အကြီးအကဲများခင်ဗျာ -

ဒေသခံပြည်သူများအနေဖြင့် တပ်မတော်က အရာတော်မြို့နယ်အတွင်း ရှိနေသည့် PDF အကြမ်းဖက် အဖွဲ့များအား စနစ်တကျ ရှင်းလင်းဆောင်ရွက်မှုကို မျှော်လင့်နေကြသည်မှာ ကြာပြီဖြစ်သော်လည်း တပ်မ တော်အနေဖြင့် PDF အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းမှုမရှိသည့်အတွက် PDF များက လွတ်မြောက်နယ် မြေသဖွယ် အခွင့်ကောင်းယူ၍ ဒေသခံပြည်သူများအပေါ် လက်နက်ဖြင့် အနိုင်ကျင့် စိုးမိုးခြယ်လှယ်နေကြပါ သည်။ ကျွန်ုပ်တို့အနေဖြင့် ဘာသာ သာသနာအပေါ် ထိပါးစော်ကားလာသော လုပ်ရပ်များကိုမူ လုံးဝ သည်းခံနိုင်ခြင်း မရှိပါ။ သို့သော်လည်း ၎င်းတို့နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရန်မှာ လက်နက်မရှိသည့်အခြေအနေ တွင် ၎င်းတို့ ပြုသမျှ လက်ပိုက်၍ ကြည့်နေကြရပါသည်။

ကျွန်ုပ်တို့အနေဖြင့် တပ်မတော်၏ ကာကွယ်ပေးမှုကို မျှော်လင့်နေပါသည်။ တပ်မတော်က PDF အကြမ်း ဖက်အဖွဲ့များကို လာရှင်းလိမ့်နိုးနိုးမျှော်ကိုးလျက်ရှိပါသည်။ နိုင်ငံတော်အကြီးအကဲများအနေဖြင့် ဒေသခံ သံဃာတော်များနှင့် ပြည်သူများ၏ ရေရှည်အကျိုးကို မျှော်တွေးထောက်ဆ၍ အရာတော်မြို့နယ်အတွင်း လွတ်မြောက်နယ်မြေသဖွယ် မူးယစ်ဆေးဝါးဖြန့်ချိခြင်း၊ လောင်းကစားဝိုင်းများထောင်၍ အကြမ်းဖက်လှုပ် ရှားမှုအတွက် ရန်ပုံငွေရှာဖွေနေခြင်း၊ ဂိတ်များဖွင့်၍ ခရီးသွားပြည်သူများထံမှ မတော်လောဘဖြင့် တောင်းခံ နေမှုများ၊ ဘာသာ သာသနာပေါ် အလေးထားခြင်းမရှိ ပျက်ရယ်ပြုစော်ကားနေသည့် လုပ်ရပ်များကို လုံးဝ သည်းခံ ခွင့်လွှတ်ထား၍ မဖြစ်နိုင်တော့ပါ။ သို့ပါ၍ နိုင်ငံတော်အကြီးအကဲများအနေဖြင့် စနစ်တကျ ရှင်းလင်း ဆောင်ရွက်ရန် လမ်းညွှန်ပေးနိုင်ပါရန်နှင့် စနစ်တကျ တိတိကျကျ ရှင်းလင်း ဆောင်ရွက်မည် ဆိုပါက ဒေသခံ ရဟန်းရှင်လူပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း လေးစား စွာဖြင့် အလေးထား၍ တင်ပြအပ်ပါသည်။


ဒေသခံ သံဃာတော်များနှင့် ပြည်သူများ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)