မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစု ရန်ပုံငွေဖြင့် ဆောင်းစီမံကိန်းသီးနှံ နေကြာစိုက်ပျိုးမည့် ရှားပင်ကျေးရွာမှ တောင်သူ(၁၈) ဦးအား သွင်းအားစုများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစု ရန်ပုံငွေဖြင့် ဆောင်းစီမံကိန်းသီးနှံ နေကြာစိုက်ပျိုးမည့် ရှားပင်ကျေးရွာမှ တောင်သူ(၁၈) ဦးအား သွင်းအားစုများ ပေးအပ်




MNP  ၊ ဇန်နဝါရီ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစု ရန်ပုံငွေများဖြင့် ဆောင်းစီမံကိန်းသီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရှားပင်ကျေးရွာ တောင်သူ(၁၈)ဦးအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်သမဝါယမဦးစီးဌနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းဦးက ရှားပင်ကျေးရွာ ရွှေဝါမြေ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမလုပ်ငန်းလီမီတက်အသင်းဝင်များ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး မြို့နယ်သမဝါယမဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းလီမီတက်နှင့် ချိတ်ဆက်ပြီး ဆောင်းသီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူ(၁၈)ဦးအား နေကြာသီးနှံ စိုက်ပျိုးရာတွင် အခက်အခဲ မရှိစေရေးနှင့် အထွက်နှုန်း ကောင်းမွန်ရေး၊ တောင်သူလုပ်ငန်းများ ဖွံ့ဖြိုးတက်လာစေရေး တစ်ဧက ငွေကျပ် (၂) သိန်းနှင့် ညီမျှသော သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေများကို ချေးငွေ (၆)လ ပြည့်ပါက အတိုးနှုန်း(၁)ကျပ်နှုန်းဖြင့် ပြန်လည်ပေးဆပ်သွားရမည်ဖြစ်ကြောင်းနှင့် ပေးဆပ်ငွေများ အပြည့်အဝ ပြန်လည်ပေးဆပ်ပြီးပါက ရှားပင်ကျေးရွာမှ ရွှေဝါမြေ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမလုပ်ငန်း လီမီတက်အသင်းဝင်များ တောင်သူများအား သီးနှံများ စိုက်ပျိုးရန် ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးကျော်ထွန်းဦး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းနှင့်တာဝန်ရှိသူများက ရှားပင်ကျေးရွာ ရွှေဝါမြေစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမလုပ်ငန်းလီမီတက် အသင်းဝင် တောင်သူ(၁၈)ဦးအား ဆောင်းနေကြာသီးနှံ စိုက်ပျိုးမည့် မြေဧက(၇၀)အတွက် ငွေကျပ် (၁၄၀)သိန်း တန်ဖိုးရှိ စမ်းဝတီ သဘာဝဓာတ်မြေဩဇာများနှင့် သွင်းအားစုများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)