MNP ၊ ဇန်နဝါရီ ၂၉
မွန်ပြည်နယ်ရဲတပ်ဖွဲ့ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းနှင့် တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေးခြင်း ဂုဏ်ပြုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ၁၀-၁၁-၂၀၂၃ ရက်နေ့မှ ၂၉-၁၂-၂ဝ၂၃ ရက်နေ့အထိ ရက် (၅၀) ကြာမြင့်သည့်တိုင်အောင် ရန်သူအားမဆုပ်မနစ်သောဇွဲလုံးလ၊ စိတ်ဓါတ်ကြံ့ခိုင်ကောင်းမွန်မှုတို့ဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့၍ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် အတ္ထရံတံတား (ချောင်းနှစ်ခွ) တို့အား နယ်မြေစိုးမိုးထိန်းချုပ်နိုင်ခဲ့ကာ မိမိရည်မှန်းချက်ကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့၍ နိုင်ငံတော်မှထိုက်တန်သည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် များနှင့် တစ်ဆင့်မြင့်ရာထူးများအား အသီးသီးဂုဏ်ပြုချီးမြှင့်ပေးခဲ့ရာ ရဲသူရတံဆိပ်ရ ရဲတပ်ဖွဲ့ဝင် (၁) ဦး၊ ရဲဗလတံဆိပ်ရ ရဲတပ်ဖွဲ့ဝင် (၁၁) ဦး၊ စုစုပေါင်းရဲတပ်ဖွဲ့ဝင် (၁၂) ဦးတို့အား ချီးမြှင့်ပေးခဲ့ကြောင်း၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းဖြစ်စဉ်တွင် တိုက်ပွဲဝင်ခဲ့သည့် တပ်မတော်/ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မလျှော့သော ဇွဲ၊ လုံးလ၊ ဝိရိယတို့ဖြင့် မိမိတို့ရဲ့ အသက်ကိုပဓါဏမထားဘဲ ကြံ့ခိုင်သောစိတ်ဓါတ်၊ ပူးပေါင်းစည်းလုံးညီညွတ်မှု၊ အမိန့်နာခံမှုတို့ဖြင့်စုစည်း၍ ရန်သူအားရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်အောင်ပွဲ ရရှိခဲ့သဖြင့် ဂုဏ်ပြုချီးကျူးအသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားလာပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စွန့်လွှတ်စွန့်စားသည့်စိတ်ဓါတ်ဖြင့် ယခုတပ်ဖွဲ့ဝင်များရဲ့နမူနာကိုယူပြီး ရွပ်ရွပ်ချွံချွံဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်မှူးချုပ် စိုးမင်းမှ ဂုဏ်ပြုအမှာစကားပြောကြားပြီး မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဂုဏ်ထူးဆောင်တံဆိပ်နှင့် တစ်ဆင့်မြှင့် ရာထူးတိုးမြှင့်ခြင်းခံရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဆင့်မြှင့်ရာထူး တပ်ဆင်ပေးခြင်းနှင့် ဂုဏ်ထူးဆောင်တံဆိပ်များအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment