MNP ၊ ဇန်နဝါရီ ၃၀
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆမ်ဆိုင်း(က)ရပ်ကွက်ရှိ မိုဘိုင်းဖုန်းဆိုင်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သည့်အဖွဲ့တစ်ဖွဲ့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၅ ဦးတို့အား ပစ္စတိုသေနတ် ၄ လက်၊ ၎င်းကျည်အိမ် ၇ ခု၊ ကျည် ၆၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိ ထိုင်းနိုင်ငံသား ၂ ဦးမှာ ပီကျိုင်း(ခ)ပန်နဝစ်ပက်ထွန်(ခ)ကိုးကယ်(ခ)စိုင်းအောင်မိုင်း နှင့် နိုင်းအာနုချေချဘာဂမ်း တို့ဖြစ်ပြီး ပီကျိုင်း သည် ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာတရားရုံးမှ ၂၀၂၁ ခုနှစ်တွင် မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးဖြစ်သည့်အပြင် မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်တရားရုံးမှလည်း မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ ဖမ်းဆီးရမိ မြန်မာနိုင်ငံသား ၅ ဦးမှာ ကျော်အေးထွန်း(ခ)ကျော်ထွန်းအေး၊ စံမိန်း၊ စိုင်းခမ်းလောင်၊ စိုင်းဆေခမ်း နှင့် ညီနပ် တို့ဖြစ်ပြီး ၎င်းတို့အနက် ကျော်အေးထွန်း(ခ)ကျော်ထွန်းအေး သည် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရသည်။
၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment