MNP ၊ ဇန်နဝါရီ ၁၈
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံအမတ်ကြီး Mr. Iskander Azizov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ဆောက်နိုင်ရန်အတွက် ဆွေးနွေးနေသည့်ကိစ္စရပ်များ၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ထပ်မံတိုးမြှင့်ထုတ်လုပ် နိုင်ရေးအတွက် ဘူမိဗေဒနှင့် ဘူမိရူပဗေဒဆိုင်ရာ လုပ်ငန်းများတွင် Artificial Intelligence (AI) နည်းပညာအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်နေ သည့်ကိစ္စရပ်များ၊ မြန်မာ - ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment