ကွန်ဟိန်းမြို့တွင် MNDAA အကြမ်းဖက်အဖွဲ့က ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ စော်ကားခဲ့သော လုပ်ရပ်နှင့် ပတ်သက်၍ သံဃာတော်များနှင့် ပြည်သူများက ဆန့်ကျင် ရှုတ်ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ဟိန်းမြို့တွင် MNDAA အကြမ်းဖက်အဖွဲ့က ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ စော်ကားခဲ့သော လုပ်ရပ်နှင့် ပတ်သက်၍ သံဃာတော်များနှင့် ပြည်သူများက ဆန့်ကျင် ရှုတ်ချ




MNP ၊ ဇန်နဝါရီ ၁၈

MNDAA အကြမ်းဖက်အဖွဲ့က စေတီတော်ကို ဖြိုဖျက်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခြင်းအပေါ်  ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် ဆန္ဒပြ ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြပြီး နယ်မြို့များတွင်လည်း ဆန့်ကျင် ကန့်ကွက်ရှုတ်ချ၍ MNDAA အကြမ်းဖက်အဖွဲ့ကို အပြီးအပြတ် နှိမ်နင်းပေးရန် တောင်းဆိုလျက်ရှိသည်။ 

ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင် သံဃာတော်များနှင့် ပြည်သူများက MNDAA အကြမ်းဖက်အဖွဲ့၏ ဗုဒ္ဓဘာသာဝင်များအပေါ် အောက်တန်းကျ ယုတ်မာရိုင်းစိုင်းစွာ စော်ကားခဲ့သော လုပ်ရပ်အပေါ် ကန့်ကွက် ရှုတ်ချခဲ့ကြသည်။

MNDAA အကြမ်းဖက်အဖွဲ့ဝင်များသည် ရွှေတိဂုံပုံတူ စေတီတော်ကို ပေါင်တူနှင့်ထု၍ ဖြိုဖျက်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို ထုခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပြီး ရှမ်းပြည်(မြောက်ပိုင်း)တွင် ဘုရားဖြစ်လျင်ပင် ပျက်စီးစေရမည် ဟု တရုတ်ဘာသာဖြင့် ရေးသား၍ ဖော်ပြမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

မြို့ကြီးများနှင့် မြို့နယ်အသီးသီးတွင် ဘာသာရေးစော်ကားမှုများ လုပ်ဆောင်နေသည့် MNDAA အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ကန့်ကွက်မှုများ လုပ်ဆောင်လျက်ရှိပြီး ထိရောက် ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးရန် တောင်းဆိုနေကြသော်လည်း အစိုးရနေဖြင့် သံဃာတော်များနှင့် ပြည်သူများ၏ တောင်းဆိုမှုအပေါ် မည်သို့ အလေးထားဆောင်ရွက်သွားမည်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။


Photo Crd -

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)