ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၊ ရန်ကုန်အမျိုးသားမျက်စိဘဏ်နှင့် သာကေတအထူးကုဆေးရုံ ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)၊ ရန်ကုန်အမျိုးသားမျက်စိဘဏ်နှင့် သာကေတအထူးကုဆေးရုံ ကြည့်ရှု



MNP ၊ ဇန်နဝါရီ ၂၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့နှင့်အတူ ၂၂-၁-၂၀၂၃ ရက်နေ့က ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်၍ ပြင်ပလူနာဌာန၊ အတွင်းလူနာဆောင်၊ Skill Lab၊ မျက်စိစမ်းသပ်ခန်းများ၊ စာသင်ခန်းများကို လှည့်လည်ကြည့်ရှုပြီး ပြင်ပလူနာများ နေရာကျယ်ဝန်းစွာနှင့် စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်စေရေးအတွက် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ မျက်စိခွဲစိတ်ကုသမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ရန်ကုန်အမျိုးသားမျက်စိဘဏ်၌ တာဝန်ခံဆရာဝန်ကြီး/ အထူးကုဆရာဝန်ကြီး (မျက်စိ) ဒေါက်တာအောင်မိုးထွန်းက အမျိုးသားမျက်စိဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မျက်ကြည်လွှာ လှူဒါန်းမှုများ တိုးတက်ရရှိစေရေး၊ မျက်ကြည်လွှာ အစားထိုးကုသမှုကို တိုးတက်ဆောင်ရွက်နိုင်ရန်အတွက်လိုအပ်သော အထူးကုဆရာဝန်၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများနှင့် ပိုမိုကောင်းမွန်သည့် ခွဲစိတ်ကုသမှုပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးတို့ အတွက် လိုအပ်သည်များကို ဆွေးနွေးဖြည့်ဆည်းပေးသည်။

ရန်ကုန်အမျိုးသားမျက်စိဘဏ်ကို ၁၉၉၄ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး တာမွေမြို့နယ်ရှိ ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီး၏ အပေါ်ဆုံးထပ်တွင် တည်ရှိသည်။ မျက်ကြည်လွှာ အစားထိုးခွဲစိတ်ကုသရာတွင် မျက်ကြည်လွှာတစ်ခုကို မျက်စိလူနာနှစ်ဦးနှင့်အထက် အစားထိုးကုသမှုပေးနိုင်ပြီး ၂၀၂၃ ခုနှစ်တွင် လှူဒါန်းရရှိသော မျက်ကြည်လွှာအခု ၅၀ ကို အသုံးပြု၍ လူနာပေါင်း ၁၄၀ ကို မျက်ကြည်လွှာ အစားထိုးကုသမှုများ ဆောင်ရွက်နိုင်ခဲ့သည်။ အမျိုးသား မျက်စိဘဏ် (မန္တလေး)ကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မျက်ကြည်လွှာ လှူဒါန်းမှု ၃၁ ခုကို အသုံးပြုကာ လူနာပေါင်း ၃၆ ဦးကို အစားထိုးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတအထူးကုဆေးရုံသို့ သွားရောက်ပြီး သွားနှင့်ခံတွင်းကုသဌာန၌ လူနာများ ကုသမှုပေး နေသည့်အခြေအနေကို ကြည့်ရှုကာ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများကို တွေ့ဆုံမှာကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းပေးသည်။

သာကေတအထူးကုဆေးရုံတွင် သွားနှင့်ခံတွင်း ပြင်ပလူနာဌာနကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သွားနှင့်ခံတွင်းလူနာများကို ခေတ်မီစက်ကိရိယာများဖြင့် ပါမောက္ခ (သွား/ခံတွင်း) ဦးဆောင်သော အထူးကုဆရာဝန်ကြီးများက ကြည့်ရှုကုသမှုပေးလျက်ရှိသည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုခံကျကာလသား ရောဂါတိုက်ဖျက်ရေးဌာန၌ ပြင်ပလူနာများ၊ ဆေးဝါးများဖြန့်ဝေပေးနေမှုနှင့် ဆေးစတိုသို့ သွားရောက်၍ ဆေးဝါးသုံးစွဲမှု၊ သိမ်းဆည်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လူနာများ ပိုမိုအဆင်ပြေစေ ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)