ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇) ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5,Grade-9 နှင့် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇) ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5,Grade-9 နှင့် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များဆွေးနွေးပွဲကျင်းပ




MNP ၊ ဇန်နဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇)ကျောင်း၌ ယမန်နေ့နံနက်  ၉ နာရီခွဲက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5,  Grade-9  နှင့်တက္ကသိုလ်စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များ ဆွေးနွေးပွဲကို အဆိုပါကျောင်းရှိ အောင်တံခွန်ခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်နှင်းမူက အဖွင့်အမှာစကားပြောကြားပြီး အ-ထ-က (၂၉) ကျောင်းအုပ်ဆရာမကြီးဒေါ်ချိုခင်က စာဖြေသူများစာရင်းပြုစုခြင်း၊  စာစစ်ဌာနများ  လျာထားစီစဉ်ခြင်းနှင့် စာမေးပွဲကြီးကြပ်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ အ-လ-က (၂၁)ကျောင်း အုပ်ဆရာမကြီးဒေါ်မာလာစိုးက စာမေးပွဲစစ်ဆေးသည့်ကာလတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ အ-လ-က(၂၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာအောင်သိန်းက တက္ကသိုလ်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ အ-ထ-က(၃၂) ကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်ရွှေက တက္ကသိုလ်ဝင်စာမေးပွဲစာဖြေသူများ လိုက်နာရန်စည်းကမ်းချက်များနှင့် အသေးသုံးကြီးကြပ်ခချီးမြှင့်ငွေထုတ် ပေးခြင်းဆိုင်ရာအချက်များကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းထွန်းက Grade-5, Grade-9 စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးက သိရှိလိုသည်များမေးမြန်းဆွေးနွေးကြရာ မြို့နယ်ပညာရေးမှူးက ပြန်လည်ရှင်းလင်း‌ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)